ကြောင်များအတွက် သီးသန့်ဖွင့်လှစ်ထားတဲ့ ကြောင်ဇိမ်ခံ ဟိုတယ်

//s9.kh1.co/2f/2f883a4acb0744e4be1e435fc495199e93e34654.jpg
ဗဟုသုတအဖြာဖြာ

 ၀၂-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

စင်ကာပူနိုင်ငံက Wagingtin ဟိုတယ် မှာ ကြောင်ကလေးတွေအတွက် ဇိမ်ခံဟိုတယ်သီးသန့်ပြုလုပ်ပေးထားပါတယ်။ အဆိုပါဇိမ်ခံဟိုတယ်ကို ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်နဲ့ တွဲပြီး ဖွင့်ထားတာလည်း ဖြစ်ပါတယ်။ ကြောင်တွေတောင်မ‌ှ အဲ့လိုမ‌ျိုးနေနိုင်လောက်အောင် အေးချမ်းသာယာလွန်းလှပါပေတယ်။

Photo From Google
Photo From Google
Photo From Google
Photo From Google

ဒါကြောင့် ကြောင်ပိုင်ရှင်တွေအနေနဲ့ ကြယ်ငါးပွင့် ဟိုတယ်မှာ အပန်းဖြေရင်း မိမိတို့ရဲ့ ကြောင်လေးတွေကိုပါ ကြောင်ဇိမ်ခံဟိုတယ်ကို ပို့ပေးထားနိုင်ပါတယ်။ အဆိုပါ ကြောင်ဇိမ်ခံ ဟိုတယ်ထဲမှာ လေသန့်စက် နဲ့ ဂန္တဝင် သီချင်းတွေကို ဖွင့်ပေးထားပါသေးတယ်။ အခန်းငယ် တစ်ခန်းစီတိုင်းမှာ အဆင့်မြင့် ပရိဘောဂတွေ ကို ထည့်သွင်းပေးထားပြီး ဈေးကြီးတဲ့ ခရစ္စတယ် ကြောင်စာခွက်တွေကိုလည်း ချထားပေးပါတယ်။

Photo From Google
Photo From Google
Photo From Google
Photo From Google

ဒါ့အပြင် ကြောင်လေးတွေ အနေနဲ့ ပတ်ဝန်းကျင် အသစ်အဆန်းမှာ စိတ်ဖိစီးမှု မရှိစေဖို့ ဂန္တဝင် တေးသွားတွေကိုလည်း အမြဲမပြတ် ဖွင့်ပေးထားပါတယ်။ အခန်းငယ်တိုင်းမှာလည်း လေသန့်စက်တွေ တပ်ဆင်ပေးထားပြီး ကြောင်သီးသန့် Spa လည်း ပါဝင်ပါတယ်။ ဈေးကတော့ တစ်ညကို အနည်းဆုံး ဒေါ်လာ ၂၀ လောက်ကျသင့်ပါတယ်။ ကြောင်ဆိုတာကလဲ ဇိမ်ခံပြီနေတဲ့ အမျိုးဆိုတော့ ခုလိုနေသင့်ပါတယ်။

သတင်း အရင်းအမြစ်Google

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T