လင်းနို့ကိုစားကြတဲ့ နိုင်ငံအချို့က လူတွေကတော့ လင်းနို့အသားဟာ ကြက်သားနဲ့တူပြီး အဆီနည်းကာ ပရိုတိန်းကြွယ်ဝတယ်လို့ ဆိုကြပါတယ်။
လင်းနို့ကို စားသုံးသူတွေဟာ အသားများအားကြပ်တိုက်ခြင်း၊ အကင်ပြုလုပ်ခြင်း၊ အခြောက်ကြော်ခြင်း၊အရည်သောက် ပြုလုပ်ခြင်း၊ မွှေကြော်ခြင်းစသည်ဖြင့် နည်းမျိုးစုံ ပြုလုပ်ကာစားသုံးကြပါတယ်။
ဒီတစ်ခေါက်မှာဆိုရင်လည်း ပရိသတ်တွေအတွက် လင်းနို့ကို ထူးထူးဆန်းဆန်းပုံစံနဲ့ စားသောက်တတ်တဲ့ ဂူအမ်ကျွန်းက လူတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

ဂူအမ်ကျွန်းမှာ နေထိုင်ကြသူတွေဟာ လင်းနို့အရှင်ကို အုန်းနို့ရည်ထဲ နှစ်ပြီး စားသုံးလေ့ရှိကြပါတယ်။
သူတို့စားသုံးပုံကတော့ လင်းနို့တွေကို အရှင်ဖမ်းကာ ရေဆေးပြီး အတောင်ပံ၊အမွေးနှင့် ခေါင်းတို့ကို ပုံမပျက်စေဘဲ အရှင်လတ်လတ် ရေနွေးတွင်စိမ်၍ အုန်းနို့ရည်ဆမ်းပြီး ဟင်းသီးဟင်းရွက်များနှင့် ရောနှောစားသောက်ကြတာပဲ ဖြစ်ပါတယ်။


လင်းနို့တွေဟာ များသောအားဖြင့် သူတို့ ပျံသန်းချိန်မှလွဲပြီး ကျန်အချိန်တွေမှာ ဇောက်ထိုးနေလေ့ရှိကြပါတယ်။ ဒါ့ကြောင့် လင်းနို့တွေရဲ့ ခန္ဓာကိုယ်မှာ ကျင်ငယ်ရည် နဲ့ မစင်တွေဟာ အမြဲလိုလိုရှိနေတတ်ပါတယ်။ဒီအချက်ကို သိတဲ့ ဂူအမ်ကျွန်းသားတွေဟာ လင်းနို့ကို မစားမီ ရေစင်အောင်ဆေးကြောပြီး ဂျင်း၊ ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ ငြုတ်ကောင်းစသည့် ဟင်းခတ်အမွေးအကြိုင်များထည့်ကာ စားလေ့ ရှိကြပါသေးတယ်။ တစ်ခါတစ်ရံမှာလည်း လင်းနို့ကို ဘီယာ နှင့်ရောနှော ချက်ပြုတ်ပြီး စားသောက်တတ်ကြပါတယ်လို့ သိရပါတယ်။


သတင်းအရင်းမြစ်: Sixth Sense
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။