မိစန္ဒီနဲ့အတူနှစ်ယောက်သား လမ်းဘေးကပြည်သူပရိသတ်တွေနဲ့အတူပူးပေါင်းကာ သွေးသစ္စာသီချင်းကိုသီဆိုနေတဲ့ ပိုပိုရဲ့ဗီဒီယိုလေး

//s9.kh1.co/88/88784702a97c48b36d07b962efaa21727f19df7b.jpg
အနုပညာရှင်များ

 ၀၂-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေအစွမ်းကုန်ပါ၀င်လှုပ်ရှားနေကြကာ ငြိမ်းချမ်းစွာနဲ့လုပ်ဆောင်နေကြတာကို အားလုံးလည်းသိမြင်ကြမယ်ထင်ပါတယ်နော်.....။ အခုလိုဖြစ်ပေါ်လာတဲ့ အခြေအနေအတွင်းမှာ အနုပညာရှင်တွေအနေနဲ့လည်း ပြည်သူထဲကပြည်သူတွေပဲဖြစ်တာမလို့ တတ်နိုင်တဲ့ဘက်ကနေ ပရိသတ်တွေနဲ့တစ်သားတည်းရပ်တည်ကာ လှုပ်ရှားမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။

Photo credit-Po Po's Facebook page
Photo credit-Po Po's Facebook page
Photo credit-Po Po's Facebook page
Photo credit-Po Po's Facebook page

အခုလိုတက်ကြွစွာပါ၀င်နေကြတဲ့ အနုပညာရှင်တွေထဲမှာဆိုရင် ပိုပိုတစ်ယောက်လည်း အားတက်သရောပါ၀င်နေတာဖြစ်ပြီး တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ကူညီနေတာဖြစ်ပါတယ်။ ပိုပိုဟာကိုယ်တိုင်လည်း လူထုလှုပ်ရှားမှုကြီးမှာပါ၀င်နေသလို တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းမှုတွေလည်းပြုလုပ်နေတာကိုတွေ့ရပါတယ်နော်......။

Photo credit-Po Po's Facebook page
Photo credit-Po Po's Facebook page
Photo credit-Po Po's Facebook page
Photo credit-Po Po's Facebook page

ပိုပိုဟာ လူထုလှုပ်ရှားမှုအတွင်းမှာ အသက်ပေးသွားခဲ့ကြတဲ့ သူရဲကောင်းတွေအတွက်လည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းကာ အားပေးကူညီခဲ့သလို ‌နေ့စဉ်ရက်ဆက်လည်းလူထုလှုပ်ရှားမှုတွေမှာပါ၀င်နေတာပါ။ အခုဆိုရင်လည်း ပိုပိုဟာသူငယ်ချင်းဖြစ်တဲ့ မိစန္ဒီနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာပါ၀င်ရင်း သွေးသစ္စာသီချင်းကို လမ်းဘေးကပြည်သူပရိသတ်တွေနဲ့အတူသီဆိုနေခဲ့တာပါ။ ကဲ.....ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Po Po's Facebook page
Photo credit-Po Po's Facebook page
https://s9.kh1.co/__image/w=650,h=967,q=100/0d/0d55de059461e01257e2e4c6f64bd84e2b76b15c.jpg

သတင်း အရင်းအမြစ်Po Po's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T