အနုပညာလမ်းကြောင်းပေါ်မှာစတင်လျှောက်လှမ်းနေပြီဖြစ်တဲ့ သဇင်ထူးမြင့်ကတော့ သရုပ်ဆောင်၊ဒါရိုက်တာခင်လှိုင်ရဲ့ အငယ်ဆုံးသမီးလေးပဲဖြစ်ပါတယ်။ခင်လှိုင်ကလည်း သမီးလေးကိုအရမ်းချစ်ပြီး လိုချင်တာမှန်သမျှဖြည့်ဆည်းပေးကာအရမ်းဂရုစိုက်ပေးတတ်တဲ့ ဖခင်ကောင်းဖြစ်ပါတယ်နော်။သဇင်ထူးမြင့်က အနုပညာလောကထဲကိုဝင်ရောက်လာတာ မကြာသေးပေမယ့် သူမကိုအားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေတော့အများအပြားရှိပါတယ်။ခင်လှိုင်ကလည်း သမီးလေးဝါသနာပါတဲ့အနုပညာကို နောက်ကနေ အကောင်းဆုံးပံ့ပိုးကူညီပေးတာဖြစ်ပါတယ်နော််။
လတ်တလောမှာဆိုရင်တော့ သဇင်ထူးမြင့်လည်း လုပ်လက်စအနုပညာအလုပ်တွေကို ရပ်နားထားပြီးပြည်သူလူထုနဲ့အတူ ပူးပေါင်းပါဝင်နေတာဖြစ်ပါတယ်။သဇင်ထူးမြင့်တို့တစ်မိသားစုလုံးက နေ့တိုင်းလမ်းပေါ်ထွက်ကြပြီး ပြည်သူတွေနဲ့တစ်သားတည်းရှိကာ အားကြိုးမာန်တက်နဲ့ ရှေ့သို့ဆက်လက်ချီတက်နေကြဆဲပဲဖြစ်ပါတယ်နော်။သဇင်ထူးမြင့်တို့လူငယ်တွေကလည်း စိတ်ဓာတ်အားမာန်အပြည့်နဲ့ ရဲရဲတောက်ပြီး သူမတို့အနာဂတ်အတွက် ပုံဖော်နေကြတာဖြစ်ပါတယ်။ဖေဖော်ဝါရီလ(၂)ရက်နေ့ကတော့ သဇင်ထူးမြင့်တို့မောင်နှမတွေက ပြည်သူလူထုကိုတစ်ပိုင်တစ်နိုင်လေး ကူညီလိုက်သေးတာဖြစ်ပါတယ်နော်။
သဇင်ထူးမြင့်တို့မောင်နှမတွေက အားတက်သရောပါဝင်လှုပ်ရှားနေကြတဲ့ ပြည်သူတွေအမောပြေအောင်လို့ကော်ဖီအေးကို လိုက်လံလှူဒါန်းခဲ့တာဖြစ်ပါတယ်။သဇင်ထူးမြင့်ကတော့“သဲတို့မောင်နှမတွေစုပြီးတော့ သင်္ဃန်းကျွန်းလေးထောင့်ကန်လမ်းမကြီး ထိုင်သပိတ်အတွက် ကော်ဖီအေး ခွက်၄၀၀လှူဒါန်းခဲ့ပါတယ်။လူထုလှုပ်ရှားမှုမှာကျဆုံးသွားတဲ့ ကိုဟိန်းထွဋ်အောင်အတွက်လည်း အလှူငွေ လှူဒါန်းခဲ့ပါတယ်...အစစအရာရာကူညီပေးတဲ့ လမ်းကအစ်ကို အစ်မအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်...မနက်ဖြန်မှာလည်း ရေခဲချောင်းလှူဒါန်းပါမယ်ရှင်...”ဆိုပြီးအမှတ်တရပုံရိပ်လေးတွေနဲ့အတူ ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။
Source&Photo Credit:Thazin Htoo Myint’s Facebook Acc