အလှူငွေသွားပေးရင်းနဲ့ ညီညီ့အမေက သူတို့ကိုမြင်တော့ဖက်ပြီး ရှိုက်ကြီးတငင်ငိုကြွေးကာ တဖွဖွမှာတဲ့အကြောင်းပြောပြလာတဲ့ ဇွဲဝေယံထူးတို့ညီအစ်ကို

//s9.kh1.co/79/79e5918c6a9654b73db2b5af7b6ce69db59a9267.jpg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

အလှူငွေသွားပေးရင်းနဲ့ ညီညီ့အမေက သူတို့ကိုမြင်တော့ဖက်ပြီး ရှိုက်ကြီးတငင်ငိုကြွေးကာ တဖွဖွမှာတဲ့အကြောင်းပြောပြလာတဲ့ ဇွဲဝေယံထူးတို့ညီအစ်ကို

"မုန်းစွဲ" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေကြားမှာ လူသိများအောင်မြင်လာခဲ့တဲ့ ဇွဲဝေယံထက်တို့ညီအစ်ကိုကတော့ အနုပညာလမ်းကြောင်းထက်မှာ လျှောက်လှမ်းနေပြီ ဖြစ်ပါတယ် ။ အရမ်းချစ်ဖို့ကောင်းပြီး လိမ္မာရေးခြားရှိတဲ့ ဇွဲဝေယံထက်တို့ညီအစ်ကိုက အခုလည်း သူရဲကောင်းလေးညီညီရဲ့နာရေးကို သွားရောက်ကူညီခဲ့တာ ဖြစ်ပါတယ် ။ သူတို့ညီအစ်ကိုက လှည်းတန်းမှာဆုံးပါးသွားတဲ့ သူရဲကောင်းလေးညီညီရဲ့မိခင်ဖြစ်သူနဲ့ တွေ့ဆုံခဲ့ရတာလည်း ဖြစ်ပါတယ် ။

Photo Credit - Zwe Waiyan Htet,Zwe Waiyan Htoo's FB Page

ကိုကို၊ညီညီဆိုတဲ့ အမွှာလေးနှစ်ယောက်ထဲကနေ တစ်ယောက်ကိုဆုံးရှုံးလိုက်ရတဲ့ ညီညီရဲ့မိခင်ကတော့ ဇွဲဝေယံထူးတို့ညီအစ်ကိုကိုမြင်တွေ့ပြီး ဝမ်းနည်းနေတာလည်း ဖြစ်ပါတယ် ။ ညီညီ့အမေက သူတို့ညီအစ်ကိုကိုမြင်တော့ အချင်းချင်းစောင့်ရှောက်ကြဖို့ တဖွဖွမှာရင်း ဖက်ပြီးငိုနေခဲ့တာလည်း ဖြစ်ပါတယ် ။ ဒီအကြောင်းကို ဇွဲဝေယံထူးတို့ညီအစ်ကိုက "သားတို့ ဒီနေ့မနက် ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးသွားတဲ့ သူရဲကောင်း ကိုကြီးညီညီနာရေးကိုသွားပြီး ကိုကြီးညီညီရဲ့မေမေနဲ့ ကိုကြီး ကိုကိုတို့ကို အားပေးခဲ့ပါတယ်ခင်ဗျာ ကျဆုံးသွားတဲ့ ကိုကြီး ညီညီအတွက် အရမ်းဝမ်းနည်းရပါတယ် ? ကိုကြီးညီညီ ကောင်းမွန်ရာဘုံမှာ ငြိမ်းချမ်းပါစေခင်ဗျာ ? ဒါကတော့ မေမေ့ပိုစ့်မှာရေးထားတာ တင်ပေးထားတာပါခင်ဗျာ"

Photo Credit - Zwe Waiyan Htet,Zwe Waiyan Htoo's FB Page
Photo Credit - Zwe Waiyan Htet,Zwe Waiyan Htoo's FB Page
Photo Credit - Zwe Waiyan Htet,Zwe Waiyan Htoo's FB Page
Photo Credit - Zwe Waiyan Htet,Zwe Waiyan Htoo's FB Page
Photo Credit - Zwe Waiyan Htet,Zwe Waiyan Htoo's FB Page
Photo Credit - Zwe Waiyan Htet,Zwe Waiyan Htoo's FB Page

"ဒီနေ့ မနက်စောစောပဲ သွားလိုက်တယ် ညီညီ့အမေက ပြောပြီးငိုရှာတယ် အမွှာလေးရယ် ခုတော့ သားတို့ ကိုကိုတစ်ယောက် ဘက်ပဲ့သွားပြီတဲ့ ကိုကို့ကို​ကြည့်ပြီးလည်းငိုမိတာ မျက်ရည်ကထိန်းမရ သူ့မှာကလေးနှစ်ယောက်ကိုကြည့်ပြီး မျက်ရည်တွေကျတာ ရှိုက်ရှိုက်ပြီး အံလေးကြိတ်ပြီးတော့ သနားစရာကောင်းလိုက်တာ ကလေးနှစ်​ယောက်ကိုဖက်ပြီး မှာရှာတယ် အမွှာဆိုတာ မျက်စိအောက်က အပျောက်မခံရဘူးတဲ့ ကိုကိုရှေ့က ခဏလေး ပျောက်သွားတဲ့အချိန်မှာ ညီလေးက မရှိတော့ဘူးတဲ့ သားတို့ တစ်ယောက်နဲ့ တစ်ယောက် အပျောက် မခံနဲ့နော်တဲ့ ???သူ့ရင်ထဲမှာ ဘယ်လိုတွေတောင် နေရှာမလဲနော် သူရဲကောင်း ညီညီလေး ကောင်းရာမွန်ရာရောက်မှာပါ" ဆိုပြီး ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ် ။ သူရဲကောင်းလေးညီညီရဲ့မိခင်ကို နှစ်သိမ့်အားပေးခဲ့တဲ့ ဇွဲဝေယံထက်နဲ့ ဇွဲဝေယံထူးတို့အမွှာညီအစ်ကိုရဲ့ပုံရိပ်လေးကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit - Zwe Waiyan Htet,Zwe Waiyan Htoo's FB Page

Photo Credit - Zwe Waiyan Htet,Zwe Waiyan Htoo's FB Page
Photo Credit - Zwe Waiyan Htet,Zwe Waiyan Htoo's FB Page
Photo Credit - Zwe Waiyan Htet,Zwe Waiyan Htoo's FB Page
Photo Credit - Zwe Waiyan Htet,Zwe Waiyan Htoo's FB Page
Photo Credit - Zwe Waiyan Htet,Zwe Waiyan Htoo's FB Page
Photo Credit - Zwe Waiyan Htet,Zwe Waiyan Htoo's FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T