ဓမ္မနဲ့အဓမ္မထင်းနေအောင် ထင်ရှားတဲ့ပွဲမို့ အမှန်တရားဘက်က ရပ်တည်ဖို့ပြောရင်း လူထုလှုပ်ရှားမှုမှာစိတ်ခွန်အားအပြည့်နဲ့ပါဝင်နေတဲ့ ဖြိုးလေးတို့စုံတွဲ

//s9.kh1.co/05/055e2b8ff6cf55aa1733fa40f75865e42089234a.jpg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဓမ္မနဲ့အဓမ္မထင်းနေအောင် ထင်ရှားတဲ့ပွဲမို့ အမှန်တရားဘက်က ရပ်တည်ဖို့ပြောရင်း လူထုလှုပ်ရှားမှုမှာစိတ်ခွန်အားအပြည့်နဲ့ပါဝင်နေတဲ့ ဖြိုးလေးတို့စုံတွဲ

အဆိုတော်ဖြိုးလေးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်သူတစ်ယောက်ဖြစ်သလို ယခုမှာလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ဖြိုးလေးနဲ့ဝါဆိုမိုးဦးတို့စုံတွဲကတော့ စိတ်တူကိုယ်တူရှိကြပြီး အချိန်အတော်ကြာလက်တွဲလျက်ရှိနေတဲ့ ပြည်သူချစ်အနုပညာရှင်စုံတွဲလေးဖြစ်ကာ အနုပညာလောကမှာ ကိုယ်စီအောင်မြင်မှုတွေကို ရယူထားနိုင်ခဲ့ပါတယ်။

Photo Credit: Phyo Layy ' s facebook page
Photo Credit: Phyo Layy ' s facebook page
Photo Credit: Phyo Layy ' s facebook page
Photo Credit: Phyo Layy ' s facebook page

အမှန်တရားဘက်ကနေ ရပ်တည်လျက်ရှိနေတဲ့ ဖြိုးလေးတို့စုံတွဲကတော့ လူထုလှုပ်ရှားမှုတွေမှာလည်း တတ်နိုင်သလောက်ပါဝင်လျက်ရှိကာ ပြည်သူတွေရဲ့ဆန္ဒနဲ့ ထပ်တူကျတဲ့ အနုပညာရှင်တွေပဲဖြစ်ကြပါတယ်။ သူတို့စုံတွဲကတော့ မနေ့ကပြုလုပ်တဲ့လူထုလှုပ်ရှားမှုမှာ စိတ်ခွန်အားအပြည့်နဲ့တက်တက်ကြွကြွပါဝင်နေခဲ့ပါတယ်။ ဖြိုးလေးကတော့ ဓမ္မနဲ့အဓမ္မထင်းနေအောင် ထင်ရှားတဲ့ပွဲမို့ အမှန်တရားဘက်ကနေ ရပ်တည်ဖို့အတွက် ပြောပြလာခဲ့ပါတယ်။

Photo Credit: Phyo Layy ' s facebook page
Photo Credit: Phyo Layy ' s facebook page
Photo Credit: Phyo Layy ' s facebook page
Photo Credit: Phyo Layy ' s facebook page

ဖြိုးလေးကတော့ " ဓမ္မနဲ့အဓမ္မ ထင်းနေအောင် ထင်ရှားတဲ့ပွဲမို့ တရားတဲ့ဖက်ကရပ်ဖို့ ရွံ့မနေနဲ့ကိုယ့်လူငါတို့သမိုင်း ငါတို့ရေးချိန်မင်းသမိုင်းကို အာဏာရှင် ဆွဲယူရေးလိမ့်မယ် နွေဦးတော်လှန်ရေး 2021 "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုမှာ မမောနိုင်မပန်းနိုင်နဲ့အားမာန်အပြည့်ပါဝင်နေတဲ့ ဖြိုးလေးနဲ့ဝါဆိုမိုးဦးတို့စုံတွဲရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source: Phyo Layy ' s facebook page

Photo Credit: Phyo Layy ' s facebook page
Photo Credit: Phyo Layy ' s facebook page
Photo Credit: Phyo Layy ' s facebook page
Photo Credit: Phyo Layy ' s facebook page
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T