အရေးတော်ပုံမှာ ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းတွေအတွက် လမ်းထဲမှာ ဖယောင်းတိုင်ထွန်းကာ ဆုတောင်းမေတ္တာပို့သပေးနေခဲ့တဲ့ လင်းလင်း

//s9.kh1.co/23/2375ae3725ca0d597c5bd28d1eb9ddd36e4a1cc5.jpg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ မိတ်ကပ်ဖန်တီးရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ လင်းလင်းကတော့ ပရိသတ်တွေနဲ့ မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်းနှီးပြီးသားဖြစ်မှာ အသေအချာပါ။ လင်းလင်းက မင်းသား၊ မင်းသမီးတွေကို အလှပဆုံးဖြစ်အောင် ပြင်ဆင်ခြယ်သပေးရသူဖြစ်ပြီး သူရဲ့ ပြင်ဆင်မှု့ကို အကြိုက်တွေ့ကြတာလည်း ဖြစ်ပါတယ်။ လင်းလင်းက မိတ်ကပ်ဖန်တီးရှင်သာမကပဲ သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ရိုက်ကူးနေတာကို တွေ့ရပါတယ်။

Photo credit - Lin Lin's Facebook Page
Photo credit - Lin Lin's Facebook Page
Photo credit - Lin Lin's Facebook Page
Photo credit - Lin Lin's Facebook Page

လင်းလင်းက ပွင့်လင်းဖော်ရွေတဲ့ အပြောအဆိုနဲ့ သူရဲ့ ရိုးရှင်းတဲ့ ပြုမှုဆက်ဆံပုံတွေကြောင့် မြင်တွေ့သူတိုင်းက အချစ်ပိုကြတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အမှန်တရားဘက်မှာ ရပ်တည်ပြီး အမြဲရင်ဆိုင်ကျော်လွှားတတ်တဲ့ သူမက လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတာပါနော်။ လင်းလင်းက နေ့ခင်းဘက်မှာ လမ်းပေါ်ထွက်ကာ အပင်ပန်းခံပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေသလို ညဘက်မှာလည်း ကျဆုံးသွားတဲ့ အာဇာနည်တွေအတွက် ဆုတောင်းမေတ္တာပိုသလေ့ရှိတာကိုလည်း တွေ့ရပါတယ်။ 

Photo credit - Lin Lin's Facebook Page
Photo credit - Lin Lin's Facebook Page
Photo credit - Lin Lin's Facebook Page
Photo credit - Lin Lin's Facebook Page

မနေ့ညကလည်း လင်းလင်းက သူမရဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ ဒီမိုကရေစီ တော်လှန်ရေးကြောင့် အသက်ပေးသွားခဲ့တဲ့ သူရဲကောင်းတွေအတွက် ဖယောင်းတိုင်ထွန်းကာ ကောင်းရာဘဝကို ရောက်ဖို့အတွက် ဆုတောင်းပေးနေတဲ့ ပုံလေးတွေကို တင်ပေးလာတာပါ။ ပုံလေးတွေအပြင် " ဒီမိုကရေစီအရေးတော်ပုံမှာ ကျဆုံးသွားသောအာဇာနည်သူရဲကောင်းများအတွက် လမ်းထဲတွင်ဖယောင်းတိုင်ထွန်းဆုတောင်းမေတ္တာပို့ ကောင်းရာသုဂတိရောက်ကြပါစေ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ 

Photo credit - Lin Lin's Facebook Page
Photo credit - Lin Lin's Facebook Page
Photo credit - Lin Lin's Facebook Page
Photo credit - Lin Lin's Facebook Page
Photo credit - Lin Lin's Facebook Page
Photo credit - Lin Lin's Facebook Page

သတင်း အရင်းအမြစ်Source - Lin Lin's Facebook Page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T