အသက်ပေးသွားခဲ့ကြတဲ့သူရဲကောင်းတွေအတွက်ဝမ်းနည်းနေရပြီး ကျန်ရစ်သူမိသားစုအတွက်အလှူငွေတွေလှူဒါန်းဖို့ဆက်သွယ်စုံစမ်းနေတဲ့ စမိုင်းလ်

//s9.kh1.co/c0/c03338d3c2de411160e0fff6b907ed8979e1a966.jpeg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မင်းသမီးချောလေး စမိုင်းလ်ကတော့  အလှူအတန်းတွေမှာလည်း  ရက်ရက်ရောရော လှူဒါန်းသူတစ်ယောက်ဖြစ်တာကြောင့်  ပရိသတ်တွေက  လေးစားအားကျနေကြတာလည်း  ဖြစ်ပါတယ်။  လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း  ကျရာအခန်းကဏ္ဍကနေ  ပြည်သူတွေနဲ့အတူ  ပူးပေါင်းပါဝင်နေတာလည်း  ဖြစ်ပါတယ်။  လမ်းပေါ်ထွက်ကာ  ဆန္ဒအမှန်တရားတွေကို ထုတ်ဖော်နေတဲ့ ပြည်သူတွေအတွက်လည်း  စားစရာ၊သောက်စရာများကို  နေ့စဉ်လှူဒါန်းပေးနေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Smile’s Facebook Page
Photo Crd-Smile’s Facebook Page
Photo Crd-Smile’s Facebook Page
Photo Crd-Smile’s Facebook Page

နေ့စဉ်ဘုရားဝတ်ပြုတဲ့အခါတိုင်းမှာလည်း  မြန်မာပြည်ကြီး  အမြန်ဆုံးအေးချမ်းပြီး  ဖမ်းဆီးခံထားရသူတွေ  ပြန်လွတ်ဖို့ဆုတောင်းပေးနေတာလည်း  ဖြစ်ပါတယ်။ ဒီတော်လှန်ရေးတွင် အသက်ပေးသွားကြတဲ့သူရဲကောင်းတွေအတွက်လည်း  ယူကြုံးမရဝမ်းနည်းနေပြီး   တတ်နိုင်သလောက်  ကူညီလှူဒါန်းပေးဖို့အတွက်လည်း  စီစဉ်နေတာလည်း  ဖြစ်ပါတယ်။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  စမိုင်းလ်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ကွယ်လွန်သွားခဲ့ကြတဲ့  သူရဲကောင်းတွေရဲ့ မိသားစုနဲ့ထပ်တူဝမ်းနည်းနေရကြောင်းကို   ရေးသားထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-Smile’s Facebook Page
Photo Crd-Smile’s Facebook Page
Photo Crd-Smile’s Facebook Page
Photo Crd-Smile’s Facebook Page

"အသက်ပေးသွားတဲ့သူရဲကောင်းများအားလုံးရဲ့မိသားစုတွေနဲ့ထပ်တူဝမ်းနည်းကြေကွဲရပါတယ်။ အပြစ်မဲ့တဲ့ပြည်သူတွေထပ်ပြီးမဆုံးရှူံးပါရစေနဲ့တော့?

ကျန်ရစ်သူမိသားစုများအားလုံးအတွက်အလှူငွေလေးလှူဒါန်းချင်လို့ဘယ်လိုဆက်သွယ်ပြီးလှူဒါန်းလို့ရလဲရှင့်ကူညီပေးကြအုန်း??" ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက်  ဒီသတင်းလေးကို  တစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။  တော်လှန်ရေးမှာ အသက်ပေးသွားခဲ့ကြရတဲ့  သူရဲကောင်းတွေလည်း  ကောင်းရာဘုံဘဝသို့ ရောက်ရှိပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

Source and Photo Crd-Smile’s Facebook Page 

Photo Crd-Smile’s Facebook Page
Photo Crd-Smile’s Facebook Page
Photo Crd-Smile’s Facebook Page
Photo Crd-Smile’s Facebook Page
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T