(၂၈.၂.၂၀၂၁)မှာ လူထုလှုပ်ရှားမှုကြောင့် သေဆုံးသွားခဲ့ရတဲ့ ကျောင်းဆရာမ ဒေါ်တင်နွဲ့ရီအတွက် အလှူငွေ ၅သိန်းကျပ်ကို သွားရောက် လှူဒါန်းခဲ့တဲ့ ချယ်ရီသင်း

//s9.kh1.co/95/9540a082c5465dcdf9a5d39582f473e94cba96b7.jpg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

သီချင်းအသစ်တစ်ပုဒ်ထွက်တိုင်းမှာ လူငယ်တွေပါးစပ်ဖျား ရေပန်းစားပြီး အောင်မြင်နေတဲ့ တေးသံရှင် အဆိုတော်ကတော့ ချယ်ရီသင်းပါနော်။ ချယ်ရီသင်းက " ခွင့်လွတ်ပေးဖို့တောင်းပန်ချင် " ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်လူသိများအားပေးကြတာဖြစ်ပြီး မကြာသေးခင်က အသစ်ထွက်ရှိထားတဲ့ " အပျိုကြီး " သီချင်းဟာဆိုရင်လည်း ထင်ထားတာထက် အောင်မြင်မှုတွေရရှိခဲ့လို့ အပျော်ကြီးပျော်ခဲ့ရတာပဲ ဖြစ်ပါတယ်။ လူငယ်တွေရဲ့ ခံစားချက်နဲ့ ထပ်တူကျအောင် သီဆိုဖန်တီးတတ်တဲ့ သူမက ယခုလိုအခြေအနေမျိုးမှာလည်း ပရိသတ်ပြည်သူတွေနဲ့ တစ်သားတည်းဖြစ်နေတာကို တွေ့ရပါတယ်။

Photo credit - Cherry Thin's Facebook Page 
Photo credit - Cherry Thin's Facebook Page 

လမ်းပေါ်ထွက်ကာ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ဝန်းရံနေတဲ့ ချယ်ရီသင်းက ဆန္ဒပြ ပြည်သူတွေကို လိုအပ်တဲ့ ပစ္စည်းနဲ့ မုန့်တွေကိုလည်း အလှူပြုလေ့ရှိတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီတော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေကိုလည်း သူမကိုယ်တိုင် ဦးစီးကာ အလှူငွေပေးအပ် လှူဒါန်းတာကိုလည်း တွေ့ရပါတယ်။ (၂၈.၂.၂၀၂၁) မှာ ကျဆုံးခဲ့ရတဲ့ ကျောင်းဆရာမ ဒေါ်တင်နွဲ့ရီရဲ့ မိသားစုထံ သွားရောက်ကာ ကူငွေထည့်ခဲ့ပါသေးတယ်။ 

Photo credit - Cherry Thin's Facebook Page 
Photo credit - Cherry Thin's Facebook Page 
Photo credit - Cherry Thin's Facebook Page 
Photo credit - Cherry Thin's Facebook Page 

ချယ်ရီသင်းက သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ " ၂၈ ရက်နေ့က ဆုံးသွားတဲ့ဆရာမ ဒေါ်တင်နွဲ့ရီအတွက် ပြည်တွင်းပြည်ပကစေတနာရှင်အားလုံးပါဝင်လှူဒါန်းထားတဲ့ စုပေါင်းအလှူငွေထဲက (၅)သိန်းကျပ်ကိုချယ်ကိုယ်တိုင်မိသားစုဝင်တွေစီ ပေးအပ်ခဲ့ပါတယ် ကိုယ်တိုင်ပါဝင်ချင်ရင်  လှိုင်သာယာမီးကွက်ဈေး အကျော်စနေမမှတ်တိုင်အနီး ဖုန်းနံပါတ်09776540392 ကိုဆက်သွယ်နိူင်ပါသည် ပါဝင်လှူဒါန်းပေးကြတဲ့တစ်ယောက်ခြင်းစီတိုင်းကိုမိသားစုတွေ ကိုယ်စား ချယ်ရီက အထူးကျေးဇူးတင်ပါသည် " ဆိုတဲ့ အလှူပြုစာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Photo credit - Cherry Thin's Facebook Page 
Photo credit - Cherry Thin's Facebook Page 
Photo credit - Cherry Thin's Facebook Page 
Photo credit - Cherry Thin's Facebook Page 

သတင်း အရင်းအမြစ်Source - Cherry Thin's Facebook Page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T