အန္တရာယ်ရှိတာသိပေမယ့် တာဝန်ကျေချင်တာကြောင့် သွေးအမျိုးအစားနဲ့ အရေးပေါ်ဆက်သွယ်ရမယ့်ဖုန်းကိုပါလက်မှာရေးပြီး အပြင်ထွက်လာခဲ့တဲ့သီဟအောင်

//s9.kh1.co/ac/acddaeb44880118f39fb718fe83e356e16243560.jpg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

အန္တရာယ်ရှိတာသိပေမယ့် တာဝန်ကျေချင်တာကြောင့် သွေးအမျိုးအစားနဲ့ အရေးပေါ်ဆက်သွယ်ရမယ့်ဖုန်းကိုပါလက်မှာရေးပြီး အပြင်ထွက်လာခဲ့တဲ့သီဟအောင်

ဇာတ်ပို့သရုပ်ဆောင် ကိုကိုဦးရဲ့သားချောလေးဖြစ်တဲ့ သီဟအောင်ကတော့ အကယ်ဒမီရွှေကြိုအဖြစ်ကနေ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူလေး ဖြစ်ပါတယ် ။ ငယ်ရွယ်ထက်မြက်ပြီး အရည်အချင်းရှိတဲ့ သီဟအောင်က ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုလည်း အပြည့်အဝရရှိထားတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ သီဟအောင်က ပြည်သူထဲကပြည်သူတစ်ယောက်ဖြစ်တာကြောင့် အားလုံးနဲ့တန်းတူရပ်တည်ပြီး အနာဂတ်အတွက် ကြိုးစားနေတာ ဖြစ်ပါတယ် ။

Photo Credit -Thiha Aung's FB Acc
Photo Credit -Thiha Aung's FB Acc
Photo Credit -Thiha Aung's FB Acc
Photo Credit -Thiha Aung's FB Acc

လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာဆိုရင် "Generation Z"လို့ခေါ်တဲ့ မျိုးဆက်သစ်လူငယ်လေးတွေ တော်တော်များများက လူထုလှုပ်ရှားမှုတွေမှာ အားသွန်ခွန်စိုက်ပါဝင်နေကြတာကို အားလုံးလည်း မြင်တွေ့ကြမယ် ထင်ပါတယ်နော်။ ဒါကြောင့် Gen Z တစ်ယောက်ဖြစ်တဲ့ သီဟအောင်ကလည်း သူတတ်နိုင်တဲ့ဘက်ကနေ နိုင်ငံ့အကျိုးကို သယ်ပိုးချင်တာကြောင့် အပြင်ကိုထွက်လာခဲ့တာ ဖြစ်ပါတယ် ။ သီဟအောင်က ဆုံးဖြတ်ချက်အခိုင်အမာချပြီး အရေးပေါ်ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်နဲ့ သူ့ရဲ့သွေးအမျိုးအစားကိုပါ လက်မှာကြိုရေးထားခဲ့တာ ဖြစ်ပါတယ် ။

Photo Credit -Thiha Aung's FB Acc
Photo Credit -Thiha Aung's FB Acc
Photo Credit -Thiha Aung's FB Acc
Photo Credit -Thiha Aung's FB Acc
Photo Credit -Thiha Aung's FB Acc
Photo Credit -Thiha Aung's FB Acc

သီဟအောင်က "GZ တစ်ယောက်အနေနဲ့တာဝန်ကျေချင်တယ်ဗျာ❤️?" ဆိုပြီး ကြိုတင်ပြင်ဆင်မှု ပြုလုပ်နေတဲ့ သူ့ရဲ့ပုံရိပ်လေးတွေကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။ အခုလည်း သီဟအောင်က အန္တရာယ်ရှိနေတဲ့ကြားထဲကနေ ပြည်သူလူထုနဲ့အတူ လမ်းမပေါ်မှာထိုင်ပြီး တက်တက်ကြွကြွ ပါဝင်ကြွေးကြော်နေတဲ့ လှုပ်ရှားမှုတွေကို ဗီဒီယိုရိုက်ပြီး တင်‌ထားတာပဲ ဖြစ်ပါတယ် ။ ကဲ အသက်ငယ်ပေမယ့် ရဲရင့်တဲ့စိတ်ဓာတ်အပြည့်ရှိတဲ့ သီဟအောင်ရဲ့ပုံလေးတွေနဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးရင်း အန္တရာယ်ကင်းစေဖို့ဆုတောင်းပေးလိုက်ရပါတယ်နော်။

Source & Video Credit -Thiha Aung's FB Story

Photo Credit -Thiha Aung's FB Acc
Photo Credit -Thiha Aung's FB Acc
Photo Credit -Thiha Aung's FB Story
Photo Credit -Thiha Aung's FB Story
Photo Credit -Thiha Aung's FB Acc
Photo Credit -Thiha Aung's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T