မြို့လယ်ခေါင်ဓားထိုးမှုမှာ ခန္ဓာကိုယ်နဲ့ကာပြီးကာကွယ်ပေးခဲ့တဲ့ မဇာခြည်ဦးကို ပြန်လည်ကူညီကြဖို့ တိုက်တွန်းလိုက်တဲ့ အောန်ဆိုင်း

//s9.kh1.co/cb/cb713d4c49a8326a1ab55b6a5ab8c405248b8927.jpg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားသလို နာမည်ကျော်စင်မြင့်တွေထက်မှာ လျှောက်လှမ်းနေတဲ့ မော်လ်ဒယ်သရုပ်ဆောင် အောန်ဆိုင်းကိုတော့ ပရိသတ်တွေအားလုံးချစ်ခင်ကြမှာပါနော်..။

အောန်ဆိုင်းကတော့ လတ်တလောမှာဖြစ်ပေါ်နေတဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ကာ လူထုလှုပ်ရှားမှုတွေကိုလည်း ပြုလုပ်နေပြီး အင်တိုက်အားတိုက်ပါဝင်နေသူလေးလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Awn Seng - Elizabeth's Fb Acc
Photo Credit - Awn Seng - Elizabeth's Fb Acc
Photo Credit - Awn Seng - Elizabeth's Fb Acc
Photo Credit - Awn Seng - Elizabeth's Fb Acc

လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေအပြင် အလှူအတန်းတွေလည်း ပြုလုပ်နေသလို ပြီးခဲ့တဲ့လကဖြစ်ပွားခဲ့တဲ့ မြို့လယ်ခေါင်ဓားထိုးမှုမှာ ကာကွယ်ပေးခဲ့တဲ့ မဇာခြည်ဦးကိုလည်း ပြန်လည်ကူညီပေးဖို့ တိုက်တွန်းလာပါတယ်နော်..။

မဇာခြည်ဦးဟာ အလုပ်အကိုင်ခက်ခဲနေသလို ဖခင်ဖြစ်သူကလည်း ဦးနှောက်သွေးယိုပြီး နေမကောင်းဖြစ်ကာ ဆေးရုံတက်နေရတဲ့အတွက် ငွေကြေးအခက်အခဲဖြစ်နေတာတွေကြောင့် တတ်နိုင်သလောက် ပြန်လည်လှူဒါန်းကြဖို့ အောန်ဆိုင်းက တိုက်တွန်းထားတာပါ..။

Photo Credit - Awn Seng - Elizabeth's Fb Acc
Photo Credit - Awn Seng - Elizabeth's Fb Acc
Photo Credit - Awn Seng - Elizabeth's Fb Acc
Photo Credit - Awn Seng - Elizabeth's Fb Acc

"မြို့လယ်ခေါင်က ဓားထိုးမှု မှာ ကာကွယ်ပေးခဲ့ တဲ့ မဇာခြည်ဦး ကို ပြန်ကူညီကြရအောင် !

အခု မဇာခြည်ဦးက အလုပ်ကိုင် ခက်ခဲနေပြီး၊ သူမရဲ့ အဖေကလည်း ဦးနှောက်သွေးယိုပြီး နေမကောင်းလို့ ဆေးရုံတက်နေရရဲ့အတွက် မဇာခြည်ဦးက ငွေရေးကြေးရေးအခက်အခဲ တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကျွန်မတို့တွေ တက်နိုင်တဲ့အားလေးနဲ့ သူကိုပြန်ကူညီကြရအောင်ဒီလိုမွန်မြတ်တဲ့ စိတ်ထားပိုင်ရှင် ကိုဂုဏ်ပြုကြရအောင်..

မဇာခြည်ဉီးကို ကူညီချင်တယ်ဆိုရင် အောက်က Account လေးတွေကိုလွှဲပေးလို့ရပါတယ်။Awn Seng တို့ကိုယ်တိုင် သွားလှုပေးမှာပါ။

ဘယ်လောက်လဲဘဲ လှူလှူ သူ့အတွက်အရမ်းထိရောက်ပါတယ်.. ?

လှုချင်တာတခုခုရှိတာ (သို့) လှုပြီးသွားရင်လည်း Awn Seng ကို message ပို့လို့ရပါတယ်။ ?

KBZ 07830107801275701 May yi aung

CB 0078600100063878

Daw mary aung

AYA 0243201010021135

Daw Mary Aung

KBZ pay

09256130088

mary aung. ." ဆိုပြီး အောန်ဆိုင်းက ရေးသားတိုက်တွန်းထားတာ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း ချီးကျူးစကားလေးတွေနဲ့ အားပေးထားကြသလို အလှူရှင်တွေကလည်း ပါဝင်လှူဒါန်းနေကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Awn Seng - Elizabeth's Fb Acc
Photo Credit - Awn Seng - Elizabeth's Fb Acc
Photo Credit - Awn Seng - Elizabeth's Fb Acc
Photo Credit - Awn Seng - Elizabeth's Fb Acc

သတင်း အရင်းအမြစ်Awn Seng - Elizabeth's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T