အန္တရာယ်တွေကိုမမုဘဲ ရှေ့ကနေဦးဆောင်ကာ ပြည်သူလူထုနဲ့အတူ ဆက်လက်လှုပ်ရှားမှုတွေပြုလုပ်နေတဲ့ မင်းမော်ကွန်းရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/8d/8dc34de89dafd80be572884f0d2a43e299f06fd7.jpeg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.....

ပရိသတ်တွေရဲ့  ချစ်ခင်အားပေးမှုတွေကို တစ်ခဲနက်ရရှိထားတဲ့  မင်းမော်ကွန်းကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီထဲကနေ ဒီနေ့ထိတိုင် လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ကာ လှုပ်ရှားမှုတွေလုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။သူ့ရဲ့လှုပ်ရှားမှုတွေကိုလည်းပရိသတ်များနဲ့ အနုပညာရှင်အချင်းချင်းကပါ  ချီးကျူးနေကြတာလည်းဖြစ်ပါတယ်။

Photo Credit : Kyaw Kyaw Htay Lwin Facebook Account
Photo Credit : Kyaw Kyaw Htay Lwin Facebook Account
Photo Credit : Kyaw Kyaw Htay Lwin Facebook Account
Photo Credit : Kyaw Kyaw Htay Lwin Facebook Account

မင်းမော်ကွန်းအနေနဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ခြိမ်းခြောက်ခံရမှုတွေရှိနေခဲ့ပေမယ့် နောက်မဆုတ်ဘဲ ရဲရဲဝင့်ဝင့်နဲ့ပါဝင်ခဲ့တာကိုလည်းလေးစားစွာတွေ့မြင်ရပါတယ်။ ဒါ့အပြင် ပြည်သူတွေလိုက်နာရမယ့်အချက်အလက်အစစ်အမှန်တွေကိုလည်း အချိန်နဲ့တစ်ပြေးညီ သူရဲ့အကောင့်မှာ ဗဟုသုတရစေရန် ဖော်ပြခဲ့ပါသေးတယ်။

Photo Credit : Kyaw Kyaw Htay Lwin Facebook Account
Photo Credit : Kyaw Kyaw Htay Lwin Facebook Account
Photo Credit : Kyaw Kyaw Htay Lwin Facebook Account
Photo Credit : Kyaw Kyaw Htay Lwin Facebook Account

အရှိန်အဟုန်ကောင်းလာသလို အန္တရာယ်တွေမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ ဒီလူထုလှုပ်ရှားမှုကြီးဟာ ခုဆိုရင်ပြည်သူတွေရဲ့အသက်အိုးအိမ်တွေဆုံးရှုံးမှုတွေများလာတာလည်း ဝမ်းနည်းစွာတွေ့မြင်ရပါတယ်။ဒါပေမယ့်အားလုံးကလက်မလျော့တဲ့အပြင် ပိုမိုဂရုစိုက်ကာ ယုံကြည်ချက်တွေအပြည့်နဲ့ လျှောက်လှမ်းနေကြတာပါ။အခုလည်းမင်းမော်ကွန်းဟာ ပြည်သူလူထုနဲ့အတူ လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုတွေပြုလုပ်နေဆဲပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် မင်းမော်ကွန်းရဲ့ လှုပ်ရှားမှုပြုလုပ်နေတဲ့ ဗီဒီယိုလေးကိုမျှဝေပေးလိုက်ပါရစေ။

Photo Credit : Kyaw Kyaw Htay Lwin Facebook Account
Photo Credit : Kyaw Kyaw Htay Lwin Facebook Account
Photo Credit : Kyaw Kyaw Htay Lwin Facebook Account
Photo Credit : Kyaw Kyaw Htay Lwin Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T