မန္တလေးမှာကျဆုံးသွားတဲ့ သူရဲကောင်းညီမလေးအတွက် ယူကြုံးမရဝမ်းနည်းနေပြီး အသက်ပေးသွားရတဲ့ပြည်သူတစ်ယောက်ချင်းစီကို ဦးညွှတ်လိုက်တဲ့ ဒေါင်း

//s9.kh1.co/a5/a506e4e575df4d25e34e8b60a266feea71a1c8c9.jpg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ဒေါင်းကတော့ ထိုင်းနိုင်ငံကိုရောက်ရှိနေပေမယ့်လည်း မြန်မာပြည်ရဲ့လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ကာ ပြည်ပနိုင်ငံကနေ လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေပြီး ကြိုးစားတော်လှန်နေတာလည်း တွေ့ရပါတယ်နော်..။

ပြည်သူတွေနဲ့အတူ ကြိုးစားတိုက်ပွဲဝင်နေတဲ့ ဒေါင်းကတော့ အရေးတော်ပုံကြီးမှာ အသက်ပေးတော်လှန်သွားကြတဲ့ သူရဲကောင်းပြည်သူတွေအတွက် ပြောမပြတတ်လောက်အောင် ဝမ်းနည်းခံစားရပြီး အကြမ်းဖက်မှုတွေကို အမြဲတမ်းရွံရှာမုန်းတီးနေမယ်ဆိုပြီး ပြောလာပါတယ်နော်..။

Photo Credit - Daung - ဒေါင်း Fb Acc
Photo Credit - Daung - ဒေါင်း Fb Acc

ဒီကနေ့မှာပဲ ကျဆုံးသွားကြတဲ့ပြည်သူတွေနဲ့အတူ မန္တလေးမှာတော်လှန်ရေးစစ်ကြောင်းမှာ ကျည်ဆန်ထိမှန်ပြီး ကွယ်လွန်သွားရတဲ့ အသက်(၁၉)နှစ်အရွယ် တစ်ဦးတည်းသောသမီးလေး ကြယ်စင်အတွက် ယူကြုံးမရဖြစ်ရဖြစ်လို့ နေပါတယ်နော်..။

မန္တလေးမှာကျဆုံးသွားတဲ့ သူရဲကောင်းညီမလေးအတွက် ယူကြုံးမရဝမ်းနည်းနေရသလို အသက်ပေးသွားရတဲ့ပြည်သူတစ်ယောက်ချင်းစီကို လေးစားစွာနဲ့အမြဲအမှတ်ရနေမယ့်အကြောင်းလေးပြောရင်း ဦးညွှတ်လိုက်တာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Daung - ဒေါင်း Fb Acc
Photo Credit - Daung - ဒေါင်း Fb Acc
Photo Credit - Daung - ဒေါင်း Fb Acc
Photo Credit - Daung - ဒေါင်း Fb Acc

"မင်းတို့အဲ့လောက်ရက်စက်ရလား

အသက်(၁၉)နှစ်အရွယ်

မိန်းကလေးတစ်ဦးကို

ရက်ရက်စက်စက်သတ်ဖြတ်ရသလား

ညီမလေး"ကြယ်စင်"

ကျွန်တော်တို့ရဲ့နိုင်ငံသူရဲကောင်းတစ်ဦး

ကျွန်တော်တို့ဘယ်တော့မှမေ့လို့မရတော့ပါဘူး

အသက်ပေးခဲ့ရတဲ့ပြည်သူတစ်ဦးချင်းစီကို

အမြဲလေးစားစွာ ဦးညွှတ်နေမှာပါ

အမြဲတမ်းရင်ထဲမှာအမှတ်ရနေမှာပါ

အကြမ်းဖက်သူပုန်တွေ ငါတို့ပြည်သူတွေမင်းတို့ကို

ဘယ်တော့မှကမ္ဘာမကြေဘူး အမြဲတမ်းရွံရှာမုန်းတီးနေမယ်

(၃.၃.၂၀၂၁)မတ်လ၊ဗုဒ္ဓဟူးနေ့.." ဆိုပြီး ဒေါင်းက ရေးသားထားတာပါ..။

ပရိသတ်တွေကလည်း ကွယ်လွန်ကျဆုံးသွားတဲ့ ညီမလေးနဲ့ အသက်ပေးသွားကြတဲ့သူရဲကောင်းတွေအတွက် စိတ်မကောင်းဖြစ်ကြရသလို ကောင်းရာသုဂတိလားစေဖို့နဲ့ တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်နေဦးမယ့်အကြောင်းလေးတွေကို ရေးသားထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Daung - ဒေါင်း Fb Acc
Photo Credit - Daung - ဒေါင်း Fb Acc

သတင်း အရင်းအမြစ်Daung - ဒေါင်း Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T