(၃.၃.၂၀၂၁)လူထုလှုပ်ရှားမှုကြီးမှာ အသက်တွေ စတေးခဲ့ရတဲ့အတွက် ခံပြင်းဒေါသထွက်ရင်း ခံစားချက်အချို့ပြောလာတဲ့ပိုင်ဖြိုးသု

//s9.kh1.co/c1/c1e1c2934b743a66f2c60f8d3134c627e3669469.jpg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

နိုင်ငံအတော်များများရဲ့ စိတ်၀င်စားစောင့်ကြည့်ခြင်းခံနေရတဲ့ ဖေဖော်ဝါရီလ (၁)ရက်နေ့တည်းကစတင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့အခြေအနေအရပ်အရပ်ကြောင့် ပြည်သူလူထုအနေနဲ့ စိုးရိမ်ပူပန်မှုတွေနဲ့အတူ နေထိုင်နေကြရတာဖြစ်ပါတယ်။ ဖြစ်ပေါ်လာတဲ့အခြေအနေအရပ်ရပ်ကြောင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးကလည်း တတ်နိုင်တဲ့ဘက်ကနေ လူထုလှုပ်ရှားမှုတွေကိုအားတက်သရောလုပ်ဆောင်နေကြတာကိုတွေ့ရပါတယ်နော်.....။

Photo credit-​ Paing Phyoe Thu's Facebook acc
Photo credit-​ Paing Phyoe Thu's Facebook acc
Photo credit-​ Paing Phyoe Thu's Facebook acc
Photo credit-​ Paing Phyoe Thu's Facebook acc

လူထုလှုပ်ရှားမှုကြီးမှာဆိုရင် လူငယ်တွေအတော်များများပါ၀င်နေကြတာဖြစ်ပြီး တစ်ရက်ပြီးတစ်ရက်လည်း အခက်အခဲအတားအဆီးတွေများစွာနဲ့တွေ့ကြုံနေကြရတာဖြစ်ပါတယ်။ ဒီနေ့ ၃.၃.၂၀၂၁မှာဆိုရင်လည်း မြန်မာနိုင်ငံအနှံ့အပြားမှာ လူထုလှုပ်ရှားမှုတွေဆက်တိုက်လုပ်ဆောင်နေကြတာဖြစ်ပြီး ဖြိုခွင်းမှုတွေကြောင့် အသက်စတေးခဲ့ရတဲ့ လူငယ် လူရွယ်အများအပြားရှိလာခဲ့တာကိုလည်း တွေ့ရပါတယ်နော်.....။

Photo credit-​ Paing Phyoe Thu's Facebook acc
Photo credit-​ Paing Phyoe Thu's Facebook acc
Photo credit-​ Paing Phyoe Thu's Facebook acc
Photo credit-​ Paing Phyoe Thu's Facebook acc

အခုလိုအပြစ်မဲ့ လူငယ်လေးတွေအသက်စတေးခဲ့ရတဲ့အပေါ်မှာလည်း ပိုင်ဖြိုးသုဟာသူမရဲ့ Facebookစာမျက်နှာမှာ "ငါတို့ကလေးတွေ ပြည်သူတွေ တစ်ယောက်အသက်ဆုံးရတိုင်း ဆုံးရတိုင်းမှာ ငါတို့ပြည်သူတွေအားလုံးမျက်ရည်ပေါက်ကြီးငယ်ကျရတယ်....အေး..မကြာတော့တဲ့ကာလမှာ...နင်တို့တွေအားလုံးတစ်‌ယောက်တစ်လှည့်ကြိုးစင်တက်ရတဲ့အခါကျရင်...ငါတို့ပြည်သူတွေအားလုံးအူလှိုက်သဲလှိုက်ဝိုင်းရယ်ကြမယ်....#စစ်အာဏာရှင်စနစ်ကျဆုံးပါစေ

#ကမ္ဘာမကြေဘူး....." ဆိုပြီးရေးသားထားခဲ့တာဖြစ်ပါတယ်။ သုသု‌ရေးထားတဲ့စာလေးကိုဝေမျှရင်း မြန်မာပြည်ကြီးလည်း အမြန်ဆုံးငြိမ်းချမ်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Photo credit-​ Paing Phyoe Thu's Facebook acc
Photo credit-​ Paing Phyoe Thu's Facebook acc
Photo credit-​ Paing Phyoe Thu's Facebook acc
Photo credit-​ Paing Phyoe Thu's Facebook acc

သတင်း အရင်းအမြစ်Paing Phyoe Thu's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T