မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ လူထုလှုပ်ရှားမှုတွေဖြစ်ပွားလျက်ရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း များစွာရှိနေသလို အသက်ပေးခဲ့ရတဲ့ ပြည်သူတွေလည်း ရှိနေခဲ့ပါတယ်။အဆိုတော်မေလသံစဥ်ကတော့ ပြည်သူတွေနဲ့အတူ ရပ်တည်လျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ လူငယ်ပီပီလူထုလှုပ်ရှားမှုတွေမှာလည်း စိတ်အားထက်သန်မှုအပြည့်နဲ့ ပါဝင်လျက်ရှိနေတဲ့ မေလသံစဥ်ကတော့ ယနေ့မှာကြွေလွင့်သွားခဲ့ရရှာတဲ့ သူရဲကောင်းတွေအတွက် စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။
အမှန်တရားဘက်ကနေ ရဲရဲဝင့်ဝင့်ရပ်တည်လျက်ရှိနေတဲ့ မေလသံစဥ်ကတော့ ကိုယ်ပိုင်ရှာဖွေထားတဲ့ ချွေးနည်းစာငွေကြေးနဲ့ လူထုလှုပ်ရှားမှုပြုလုပ်နေကြတဲ့ ပြည်သူပြည်သားတွေကိုလည်း စားသောက်ဖွယ်ရာတွေ မကြာခဏပေးလှူလေ့ရှိပါတယ်။ မေလသံစဥ်ကတော့ ယနေ့မှာအသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်းတွေအတွက် ရည်ရွယ်ပြီး ရေးသားထားတဲ့ဝမ်းနည်းစရာကဗျာလေးကို ချပြရင်း စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။
မေလသံစဥ်ကတော့ " နွေဦး လေရူးပွေတဲ့ ရက်တွေမှာအကြွေဦးခဲ့တဲ့ ငါတို့ သူရဲကောင်းတွေ မမေ့ဘူး ဝမ်းနည်းဖွယ်ရက်တွေအတွက်ရင်ဘတ်ထဲက ဦးညွတ်အလေးပြုလိုက်ပါတယ်ရင်အနာဆုံးတစ်ခုက အနိုင်ကျင့်ခံနေရပေမယ့်တိုင်စရာ တရား က မရှိဘူးလေ.၃.၃.၂၀၂၁ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ ယနေ့မှာ ဆုံးပါးသွားရှာပြီဖြစ်တဲ့ သူရဲကောင်းတွေအားလုံးကောင်းရာဘုံဘဝကို ရောက်ရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။
Source: မေလသံစဉ် may melody ' s Facebook Page