ဖေဖော်ဝါရီလ ၁ရက်နေ့ကစတင်ဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံအတွင်းမှာဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ဟာ အခုဆိုရင် တစ်လကျော်ခန့်ကြာမြင့်နေပြီဖြစ်ပါတယ်.....။ လတ်တလောမတည်ငြိမ်နေတဲ့အခြေအနေရပ်ရပ်ကြောင့် ပြည်သူတစ်ရပ်လုံးပါ၀င်ကာ ရဲရင့်တက်ကြွစွာနဲ့ လူထုလှုပ်ရှားမှုတွေကိုလုပ်ဆောင်နေကြတာဖြစ်ပြီး အနုပညာရှင်တွေများစွာလည်း ပါ၀င်လှုပ်ရှားနေတာဖြစ်ပါတယ်နော်.....။
အခုလိုမျိုးပြည်သူတစ်ယောက်အနေနဲ့ တာ၀န်ကျေပွန်နေတဲ့ အနုပညာရှင်တွေထဲမှာဆိုရင် လွှမ်းပိုင်တစ်ယောက်လည်းအပါအ၀င်ဖြစ်ပါတယ်။ လွှမ်းပိုင်ဟာ လူထုလှုပ်ရှားမှုတွေမှာပါ၀င်နေတဲ့အပြင် တတ်နိုင်တဲ့ဘက်ကနေလည်း အစားအသောက်နဲ့အအေးဘူးတွေကိုလည်း လှူဒါန်းပေးနေတာကိုတွေ့ရပါတယ်နော်....။
အခုဆိုရင်လည်း လူထုလှုပ်ရှားမှုတွေအားကောင်းလာတာနဲ့အမျှ အခက်အခဲတွေများစွာကြုံတွေ့နေရတဲ့အတွက် ပြည်သူတွေအနေနဲ့လည်း အကာအကွယ်တွေကိုယ်စီ၀တ်ကြကာ နေထိုင်ရာလမ်းတစ်လျှောက်မှာလည်း အတားအဆီးတွေလုပ်နေကြတာဖြစ်ပါတယ်။ အခုဆိုရင်လည်း လွှမ်းပိုင်ဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ "ကျွန်တော်တို့ကပြည်သူတွေပါဗျာ ..... ?" ဆိုတဲ့ captionလေးနဲ့အတူ အကာအကွယ်တွေ၀တ်ဆင်ရင်း ပြည်သူတွေနဲ့တသားတည်းရပ်တည်နေတဲ့ပုံတွေကိုတင်ပေးခဲ့ပါတယ်။ ကဲ.....ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
သတင်း အရင်းအမြစ်៖ Hlwan Paing's Facebook acc