နိုင်ငံအတွက်အသက်ပေးသွားတဲ့ သူရဲကောင်းလေးတွေရဲ့ အိမ်ကိုသွားရောက်ကာ ဆန်၊ဆီနဲ့ ကူငွေများလှူဒါန်းခဲ့တဲ့ နော်ဖောအယ်ထား

//s9.kh1.co/0e/0e9e4a425b05720869c9f937a57a8d0f70111e38.jpeg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.....

တက်သစ်စအနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ နော်ဖောအယ်ထားကတော့ ခုလက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူထဲကပြည်သူတစ်ယောက်ဖြစ်တာကြောင့် ရရာနေရာကနေ တတ်နိုင်သလောက် လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို လိုအပ်တာတွေကိုလည်း လှူဒါန်းပေးနေတာ အားလုံးအမြင်ပါပဲနော်။ 

Photo Credit : Naw Phaw Eh Htar Facebook Account
Photo Credit : Naw Phaw Eh Htar Facebook Account
Photo Credit : Naw Phaw Eh Htar Facebook Account
Photo Credit : Naw Phaw Eh Htar Facebook Account

နိုင်ငံတကာရဲ့ စိတ်ဝင်စားခြင်းကိုခံနေရတဲ့ ဒီလုထုလှုပ်ရှားမှုကြီးကတော့ ခုဆိုရင် အသက်ပေးသွားကြတဲ့ သူရဲကောင်းတွေလည်း တစ်ရက်ထက်တစ်ရက်တိုးနေခဲ့တာကြောင့် နှမျောတသ စိတ်မကောင်း    ဖြစ်မိတာအမှန်ပါပဲနော်။ ပြည်သူအားလုံးကလည်း နိုင်ငံအတွက်အသက်ပေးသွားရှာတဲ့ အာဇာနည်လေးတွေကို ဆုတောင်းပေးခြင်းတွေ အဆက်မပြတ်လုပ်ပေးနေကြသလို အနုပညာရှင်တွေကလည်းကျန်ရစ်သူမိသားစုတွေကိုအားပေးနှစ်သိမ့်ရင်းကူညီမှုတွေလည်းပြုလုပ်ပေးခဲ့ကြပါတယ်။

Photo Credit : Naw Phaw Eh Htar Facebook Account
Photo Credit : Naw Phaw Eh Htar Facebook Account
Photo Credit : Naw Phaw Eh Htar Facebook Account
Photo Credit : Naw Phaw Eh Htar Facebook Account

အခုလည်းနော်ဖောအယ်ထားဟာ သူငယ်ချင်းတွေနဲ့အတူ စုပေါင်းပြီး တတ်နိုင်တဲ့ဘက်ကနေ ကြွေလွင့်သွားတဲ့ သူရဲကောင်းလေးတွေရဲ့ အိမ်ထိသွားရောက်ကာ ဆန်၊ဆီအပြင်အလှူငွေများစွာကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ပြန်ပါတယ်။ အလှူပုံလေးတွေနဲ့အတူ " ဒီနေ့ နော်ဖောနဲ့ သူငယ်ချင်းတွေ ကောက်ခံရရှိတဲ့ အလှူငွေ/ဂုဏ်ပြုငွေ တွေနိုင်ငံအတွက် အသက်ပေးသွားတဲ့ အာဇာနည် တွေဆီ သူငယ်ချင်းတွေနဲ့အတူ အိမ်တိုင်ရာရောက်သွားပြီး ပေးအပ်ခဲ့ပါတယ်။ ဆန်/ဆီ များလည်း လှူဒါန်းပေးအပ်ခဲ့ပါတယ်။ အလှူငွေ/ ဂုဏ်ပြုငွေများ ထည့်ဝင်ပေးသောတစ်ဦးတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်ရှိပါသည်။" ဆိုတဲ့စာလေးတွေကိုလည်းရေးသားဖော်ပြခဲ့ရာ ပရိသတ်ကြီးအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit : Naw Phaw Eh Htar Facebook Account
Photo Credit : Naw Phaw Eh Htar Facebook Account
Photo Credit : Naw Phaw Eh Htar Facebook Account
Photo Credit : Naw Phaw Eh Htar Facebook Account

Source & Photo Credit : Naw Phaw Eh Htar Facebook Account

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T