တစ်ရက်မှမနားသေးလို့မမောနိုင်ဘူးလားဆိုပြီး လာလာမေးသူတွေကို တိတိကျကျနဲ့ ခိုင်မာပြတ်သားစွာအဖြေပေးပြောပြလိုက်တဲ့ မေဦး

//s9.kh1.co/01/0146838b28fe0d116b57aa89ba47685d7e3de753.jpg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အခုဆိုရင် ပြည်သူပရိသတ်တွေနဲ့အတူ အနုပညာရှင်တွေတော်တော်များများကလည်း လူထုလှုပ်ရှားမှုတွေ ပြုလုပ်ကာ တော်လှန်ရေးတိုက်ပွဲကြီးမှာ အားမာန်အပြည့်နဲ့ ကြိုးစားတိုက်ပွဲဝင်နေကြတာကို မြင်တွေ့ကြရမှာပါနော်..။

ယုံကြည်ချက်တွေကိုယ်စီနဲ့ အနာဂတ်တွေအတွက် ကြိုးစားနေကြတဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ပြည်သူတွေရဲ့အသက်တွေ ပေးဆပ်နေကြရတဲ့ကြရပေမယ့်လည်း ဆက်လက်ပြီးတော်လှန်နေကြကာ မိတ်ကပ်ပညာရှင်မေဦးကလည်း နေ့ရက်တိုင်းမှာ ပြည်သူတွေနဲ့အတူရပ်တည်ကာ လှုပ်ရှားမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်..။

Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc

စိုးရိမ်ပူပန်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ကြရပေမယ့်လည်း ဆက်လက်ပြီးတော်လှန်တိုက်ပွဲဝင်နေတဲ့မေဦးကတော့ တစ်ရက်မှမနားရသေးလို့မမောနိုင်ဘူးလားဆိုပြီး လာလာမေးသူတွေကို တိတိကျကျနဲ့ ခိုင်မာပြတ်သားစွာ အဖြေပေးပြောပြလာပါတယ်နော်..။

စစ်မှန်တဲ့ ဒီမိုကရေစီအတွက် အသက်တွေပေးခဲ့ရတဲ့ပြည်သူတွေနဲ့

ဘဝတွေရင်းပေးခဲ့ရတဲ့ပြည်သူတွေအတွက် သူမတို့ LGBT တွေအားလုံး ပြည်သူတွေအားလုံးနဲ့အတူ တစ်ရက်မှမနားနိုင်အောင် အတူကြိုးစားနေရတာ ဖြစ်တဲ့အကြောင်းလေးကို မေဦးက ပြောပြထားတာပါ..။

Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc

"တရက်မှမနားရသေးလို့မမောနိုင်ဘူးလားမေးကြတယ်

ဒီအဖြေကိုအားလုံးနားလည်ကြဖို့ဖြေပေးပါရစေ❤️

ပုံမှန်အချိန်မှာတောင် ယောကျာ်းမိန်းမအားလုံးဟာ လူ့အခွင့်အရေးအပြည့်အဝမရဘဲချိုးဖောက်ခံနေရတဲ့အပြင်

မေဦးတို့ LGBT ?️‍? အသိုင်းအဝိုင်းကသူတွေဟာ လူ့အခွင့်ရေးပိုချိုးဖောက်ခံရပြီး ပိုဖိနှိပ်ခံနေရတာ အားလုံးသိမှာပါ

နောက်ပြီး မေဦးတို့လိုအခြေအနေတခုမှာရှိတဲ့သူတောင် ဒီလိုလုပ်ခံရရင် ချို့တဲ့သူတွေ နားမလည်သူတွေဆို ပိုဆိုးပါတယ်

ယခုလိုအားလုံးမြင်တွေ့နေရတဲ့ အခြေအနေမျိုးနဲ့ဆက်သာသွားရမယ်ဆိုရင်တော့တွေးသာတွေးကြည့်လိုက်ပါတော့

ဒါ့ကြောင့် Democracy စစ်စစ်အတွက် အသက်တွေပေးခဲ့ရသောသူတွေအတွက်ဘဝတွေရင်းပေးခဲ့ရသောသူတွေအတွက်

LGBT ?️‍? တွေအားလုံး ပြည်သူတွေအားလုံးနဲ့အတူ တစ်ရက်မှမနားနိုင်အောင် အတူကြိုးစားနေရတာပါ ???

နောက်ဆုံးအနေနဲ့အားလုံးကိုတောင်းဆိုပါတယ် ပြည်သူတွေကို ရင်ဝယ်သားကဲ့သို့ အုပ်ချုပ်တဲ့အစိုးရကိုသာရအောင်ပြန်ယူပေးကြပါ????❤️ “အရေးတော်ပုံအောင်ရမည်”.." ဆိုပြီး မေဦးက ပြတ်ပြတ်သားသားရေးသားပြောပြထားတာပါ..။

Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc

သတင်း အရင်းအမြစ်May Oo's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T