အချင်းချင်းသွေးမကွဲကြဘဲ အသက်ပေးသွားကြတဲ့သူရဲကောင်းတွေအတွက် သေချာစဉ်းစားပြီးတော်လှန်ကြရမည်ဖြစ်ကြောင်းပြောပြလာတဲ့ G Fatt

//s9.kh1.co/05/058dd3d91ddf0e2bde715bdc7abad1d789ac938d.jpeg
အနုပညာရှင်များ

 ၀၄-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော်  G Fatt ကတော့  လူထုလှုပ်ရှားမှုတွေမှာ  ပြည်သူတွေနဲ့အတူ  ပူးပေါင်းပါဝင်ဆောင်ရွက်နေသူတစ်ဦးလည်း  ဖြစ်ပါတယ်။  ဖေဖော်ဝါရီတစ်လလုံးလုံး  နားရက်မရှိလောက်အောင်  တက်ကြွစွာပါဝင်လှုပ်ရှားနေပြီး  လမ်းပေါ်ထွက်နေကြတဲ့  ပြည်သူတွေအတွက်လည်း   စိတ်ဓာတ်ခွန်အားအပြည့်အဝပေးတဲ့  သီချင်းတွေ သီဆိုဖျော်ဖြေပေးနေတာလည်း  ဖြစ်ပါတယ်။  

Photo Crd-G Fatt’s Facebook Account 
Photo Crd-G Fatt’s Facebook Account 
Photo Crd-G Fatt’s Facebook Account 
Photo Crd-G Fatt’s Facebook Account 
Photo Crd-G Fatt’s Facebook Account 
Photo Crd-G Fatt’s Facebook Account 

တော်လှန်ရေးအတွင်း  မမျှော်လင့်ဘဲ  ကြွေလွင့်သွားခဲ့ကြရတဲ့   သူရဲကောင်းတွေအတွက်လည်း  ဝမ်းနည်းနေပြီး  သူတို့အတွက်  ရည်စူးကာ  ဆုတောင်းပွဲတွေလည်း  လုပ်ပေးခဲ့တာလည်း  ဖြစ်ပါတယ်။  မနေ့ညကလည်း  G Fatt ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ  သူ့ရဲ့အတွေးလေးတွေကို  ပရိသတ်တွေအား  ပြောပြလာတာပဲ  ဖြစ်ပါတယ်။  သူဟာ  အသက်ပေးသွားကြတဲ့  သူရဲကောင်းတွေအတွက်  သေချာစဉ်းစားပြီး  တော်လှန်ကြရမည်ဖြစ်ကြောင်းကိုလည်း 

Photo Crd-G Fatt’s Facebook Account 
Photo Crd-G Fatt’s Facebook Account 
Photo Crd-G Fatt’s Facebook Account 
Photo Crd-G Fatt’s Facebook Account 

" သားကြီးတို့​ရေ ၈၈ က ​စောက်ချိုး​တွေ ၂၁ မှာ လာမချိုးနဲ့လို့ ငါတို့အတူတူတို့ ​အော်ခဲ့တာ ပြန်သတိရ​ပေးပါကွာ ဒီပွဲနိုင်မှဖြစ်မယ် 

အသက်​ပေးသွားတဲ့သူရဲ​ကောင်း​တွေ အတွက် ငါတို့​သေချာစဥ်းစား ​တော်လှန်ကြမယ် ငါတို့လည်း စိတ်ခံစားချက်​တွေ အပြင်းထန်ဆုံး​ပေါ့ကွာ ​သွေးမကွဲ​ကြေး ဖြစ်သင့်တာ ဝိုင်းစဥ်းစား​ရေး .. တစ်​ယောက်နဲ့တစ်​ယောက် အမြင်​တွေ​သေချာဖလှယ် ​ရေး ​နော် ...ငါလည်း မင်းတို့နဲ့ တစ်သားတည်းခံပြင်းပြီး ဖြစ်သင့်တာ​တွေ ချင့်ချိန်​နေရတယ် အ​ရေး​တော်ပုံ​အောင်​ကို​အောင်ရမယ် ​ဟေ့ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး  ပရိသတ်တွေအတွက်  ဒီသတင်းလေးကို  တစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။  အားလုံးလည်း  ဒီကာလမှာ  ဂရုတစိုက်နဲ့နေထိုင်ကြပါလို့လည်း  တိုက်တွန်းပြောကြားလိုက်ပါရစေနော်။

Source and Photo Crd- G Fatt’s Facebook Account 

Photo Crd-G Fatt’s Facebook Account 
Photo Crd-G Fatt’s Facebook Account 
Photo Crd-G Fatt’s Facebook Account 
Photo Crd-G Fatt’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T