တန်ဖိုးရှိတဲ့ကြယ်ပွင့်လေးတွေ ကြွေလွင့်ရလို့ အရမ်းခံစားနေရပြီး ဘာလက်နက်မှမပါတဲ့ပြည်သူတွေကို ညှာတာပေးဖို့တောင်းပန်လိုက်တဲ့ သက်မွန်မြင့်

//s9.kh1.co/6e/6e40d70f05dcb9edf23484a39ac5e229c6518902.jpeg
အနုပညာရှင်များ

 ၀၄-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

တန်ဖိုးရှိတဲ့ကြယ်ပွင့်လေးတွေ ကြွေလွင့်ရလို့ အရမ်းခံစားနေရပြီး ဘာလက်နက်မှမပါတဲ့ပြည်သူတွေကို ညှာတာပေးဖို့တောင်းပန်လိုက်တဲ့ သက်မွန်မြင့်

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီသက်မွန်မြင့်ကတော့ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သက်မွန်မြင့်မှာ သားတစ်ယောက်၊သမီးတစ်ယောက်လည်းရှိပြီး ကလေးနှစ်ယောက်လုံးကို ကျန်းကျန်းမာမာနဲ့ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာအောင် မိခင်တစ်ယောက်အနေနဲ့သေချာဂရုစိုက်ပေးနေတာဖြစ်ပါတယ်နော်။သက်မွန်မြင့်ကတော့ ကလေးနှစ်ယောက်မိခင်ဖြစ်ပေမယ့်လည်း လှပနုပျိုနေဆဲဖြစ်ပြီးသူမရဲ့ကျန်းမာရေးကိုလည်း အထူးဂရုစိုက်နေရတာဖြစ်ပါတယ်။

Photo Credit:Thet Mon Myint’s Facebook Page 
Photo Credit:Thet Mon Myint’s Facebook Page 
Photo Credit:Thet Mon Myint’s Facebook Page 
Photo Credit:Thet Mon Myint’s Facebook Page 

သက်မွန်မြင့်က အခုလက်ရှိအခြေအနေတွေမှာဆိုရင် ကျန်းမာရေးမကောင်းတဲ့ကြားကနေ ပြည်သူတွေနဲ့အတူတစ်တပ်တစ်အားပူးပေါင်းနေတာဖြစ်ပါတယ်။သက်မွန်မြင့်ကတော့ ခင်မင်ရင်းနှီးရတဲ့ အနုပညာမောင်နှမတွေနဲ့အတူ လမ်းမပေါ်ထွက်ပြီး အလှူအတန်းတွေလည်း လုပ်ဆောင်နေတာဖြစ်ပါတယ်နော်။လတ်တလောမှာဆိုရင်တော့အနာဂတ်တောက်ပနေတဲ့လူငယ်လေးတွေက လူထုလှုပ်ရှားမှုမှာ အသက်ပေးသွားရတာဖြစ်လို့ ကျန်တဲ့ပြည်သူလူထုကတော့ အရမ်းဝမ်းနည်းနေကြပြီး သူတို့အတွက်ပါနှစ်ဆပိုကြိုးစားနေကြတာပဲဖြစ်ပါတယ်။

Photo Credit:Thet Mon Myint’s Facebook Page 
Photo Credit:Thet Mon Myint’s Facebook Page 
Photo Credit:Thet Mon Myint’s Facebook Page 
Photo Credit:Thet Mon Myint’s Facebook Page 
Photo Credit:Thet Mon Myint’s Facebook Page 
Photo Credit:Thet Mon Myint’s Facebook Page 

သက်မွန်ကလည်း”တန်ဖိုးရှိတဲ့ ကြယ်ပွင့်တွေ ဒီနေ့လည်း ထပ်ပြီးကြွေလွင့်ကြရပြန်ပြီ ။ မိသားစုတွေနဲ့ ထပ်တူခံစားရပါတယ်။ အားလုံးကို အလေးပြုပါတယ်။လူထုလှုပ်ရှားမှုကိုဖြိုခွဲတာ လူသေအောင်ထိရက်ရက်စက်စက် မသတ်ကြပါနဲ့ရှင် တောင်းပန်ပါတယ်။ဘယ်သူပဲ သေဆုံး သေဆုံး ကိုယ့်မွေးချင်း ဆွေမျိုးတွေလို ခံစားပြီး စိတ်ထိခိုက်ရပါတယ်။ အနာဂတ်ရှိတဲ့ လူငယ်တွေပါ။နောက်ပြီး ဘာလက်နက်မပါတဲ့ ပြည်သူတွေကို ညှာတာပေးပါ။လူသတ်နေတာတွေ ရပ်တန့်ပေးပါ။”ဆိုပြီး သူမရဲ့ခံစားချက်တွေကို ရေးသားထားတာဖြစ်ပါတယ်။အခုလိုအချိန်မှာတော့ ကျဆုံးသွားတဲ့လူငယ်တွေအတွက် ပြည်သူလူထုကလည်း တတ်နိုင်တဲ့ဘက်ကနေ ကူညီဖေးမပေးနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Thet Mon Myint’s Facebook Page 
Photo Credit:Thet Mon Myint’s Facebook Page 
Photo Credit:Thet Mon Myint’s Facebook Page 
Photo Credit:Thet Mon Myint’s Facebook Page 

Source&Photo Credit:Thet Mon Myint’s Facebook Page 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T