မိုးယုစံ၏ မင်္ဂလာလက်မှတ်ထိုး ဘောပင်မှာ မြန်မာနှစ်ထောင်ကျပ်ဝန်းကျင်ခန့်သာရှိ

ဒီလ ၁၈ ရက်နေ့က ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့တဲ့ မောင်စွမ်းမိုးသူနဲ့ သရုပ်ဆောင်မင်းသမီး မိုးယုစံတို့ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲဟာ အင်မတန်မှ ခမ်းခမ်းနားနားကြီးကြီးကျယ်ကျယ်လုပ်ခဲ့တဲ့ ပွဲကြီးပါ။ ဒီပွဲကြီးကနေ လွန်ခဲ့ရက်ပိုင်းလေးမှာ ဂယက်တစ်ခုထွက်လာပါတယ်။ ဒါကတော့ မင်္ဂလာလက်မှတ်ရေးထိုးခဲ့တဲ့ဘောဘင်ဟာ ၁ ရတီကျော်တဲ့ စိန်ကိုက် ဘောဘင်ဆိုပြီး သတင်းတွေထွက်ပေါ်လာပါတယ်။

ဒီသတင်းက လူမှုကွန်ယက်ပေါ်မှာ တော်တော်လေးလေး လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ပါတယ်။ တစ်ချို့ကကျတော့လည်း ဒီလိုမလိုတာတွေ အပိုလုပ်နေမယ့်အစား လိုအပ်တယ့်နေရာတွေမှာ လှူ ဖို့ဒါန်းဖို့ ပြောဆိုခဲ့တာတွေရှိသလို တစ်ချို့ကလည်း ဒါဟာ သူ့ကံနဲ့သူလာတာမို့ အားကျပါတယ်ဆိုပြီး ဝေဖန်သံတွေညံခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိုးယုစံဟာ မိန်းကလေးတွေအားလုံးလိုချင်တဲ့ ကံကောင်းခြင်းတွေရလိုက်တယ်ဆိုတာတော့ ငြင်းလို့မရပါဘူး။ ဒါပေမဲ့…………………

နောက်ဆက်တွဲ ထွက်လာတဲ့သတင်းက မင်္ဂလာလက်မှတ်ရေးထိုးခဲ့တဲ့ ဘောပင်ဟာ ၁ ရတီတန်ဖိုးရှိ စိန်မဟုတ်ပဲ US$ 2.99 မြန်မာငွေ နှစ်ထောင်ပတ်ဝန်းကျင်သာရှိကြောင်း သတင်းတွေထွက်ပေါ်လာပါတယ်။ မိုးယုစံတို့ဘက်ကတော့ နောက်ထပ်ပွဲတွေအတွက် အလုပ်ရှုပ်နေတာမို့ ပြန်လည်ရှင်းလင်းထားတာမျိုးတော့မရှိသေးပါဘူး။ ဒါပေမဲ့ ဒီလိုကြီးကြီးကျယ်လုပ်ထားတဲ့ မင်္ဂလာပွဲမျိုးမှာ ဒီလိုဘောပင်မျိုးတော့ မသုံးလောက်ပါဘူး။ အဲ့ဒီ ဘောပင်နဲ့ ဆင်နေလို့ပဲ ဖြစ်ပါလိမ့်မယ်ဆိုပြီး ပရိသတ်တစ်ချို့ကတော့ပြောထားပါတယ်။

ဘာပဲဖြစ်ဖြစ် ကိုစွမ်းမိုးနဲ့မိုးယု တို့ရဲ့မင်္ဂလာပွဲကတော့ အားလုံးအိပ်မက်မက်ခဲ့ရတဲ့ ပွဲတစ်ပွဲပါပဲ………

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။