ပရိသတ်အချစ်တော် ဒိတ်ဒိတ်ကျဲ မင်းသမီးတစ်လက်ဖြစ်တဲ့ ထက်ထက်မိုးဦး တစ်ယောက် အနုပညာလောကထဲ တစ်ကျော့ပြန်ဝင်ရောက်လာပေမယ့်လည်း ပရိသတ်တွေကတော့ အရင်ကလို များဆဲပါပဲ။

ဇာတ်ကားရိုက်ကူးမှုတွေလည်း လက်ခံနေပြီဖြစ်သလို ကြော်ငြာတွေလည်းရိုက်ကူးနေရတဲ့ ထက်ထက်မိုးဦး ကတော့ လက်ရှိပရိသတ်အခိုင်အမာရထားတဲ့ မင်းသားချော သရုပ်ဆောင် မင်းသွေးကို အခုလို ချီးကျူးလိုက်ပါတယ်။

"ဟိုတစ်နေ့တုန်းကတော့ နေတိုးရဲ့ညီ မင်းသွေးရိုက်ထားတဲ့ ဇိုး ဆိုတဲ့ကားလေးကြည့်လိုက်ရတယ်။ ကြည့်ပြီးတော့ တအားကိုကောင်းတာပဲ၊ ရင်ထဲမှာခံစားရတယ်၊ အရမ်းကြိုက်တယ်။ သရုပ်ဆောင်တာရော၊ ဇာတ်လမ်းရော တစ်ခါမှ အဲ့ဒီလိုကြည့်ပြီးမဖြစ်ဖူးဘူး၊။ မထင်ထားတဲ့ဇာတ်လမ်း၊ ဇာတ်ကွက်လေးတွေပါ။ မြန်မာဇာတ်လမ်းတွေကရိုးတတ်တယ်လေ။

တစ်ခါလာလည်း ဒီလိုတွေပဲဆိုပြီး ကဲ့ရဲ့ခံနေကြပဲလေ။ ဒါပေမဲ့ ဇိုး ဆိုတဲ့ ကားမှာတော့ မင်းသွေးကလည်းဘယ်ဆိုးလို့လဲ။ ဒီလောက်တည်တည်ကြည်ကြည်နဲ့ သရုပ်ဆောင်တတ်မှန်းမသိဘူး။ သူသရုပ်ဆောင်တာတွေ၊ စကားပြောတာတွေက မထင်ရဘဲနဲ့တော်တယ်။ အဲဒီ ဇိုး ဆိုတဲ့ဇာတ်ကားလေးကိုတော့ တော်တော်ကြိုက်တယ်။" လို့ Sunday အင်တာဗျုးမှာ ပြောခဲ့ပါတယ်။ 

သတင်းအရင်းမြစ် Sunday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။