မနေ့ကမန္တလေးမှာ အသက်ပေးခဲ့ရတဲ့ညီမလေးက သူတို့ရဲ့Fan ဖြစ်နေကြောင်း အခုမှသိလိုက်ရလို့ စာလေးတွေဖတ်ပြီး ကြေကွဲဝမ်းနည်းနေတဲ့စည်သူဝင်း

//s9.kh1.co/fe/fe0f5f74c77e5aa7d8826db6e9f6fc7efb26e773.jpg
အနုပညာရှင်များ

 ၀၄-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

မနေ့ကမန္တလေးမှာ အသက်ပေးခဲ့ရတဲ့ညီမလေးက သူတို့ရဲ့Fan ဖြစ်နေကြောင်း အခုမှသိလိုက်ရလို့ စာလေးတွေဖတ်ပြီး ကြေကွဲဝမ်းနည်းနေတဲ့စည်သူဝင်း

သရုပ်ဆောင် စည်သူဝင်းကလည်း ပြည်သူတွေရဲ့ဆန္ဒနဲ့ထပ်တူကျပြီး တစ်သားတည်းရပ်တည်ပေးနေတဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ်နော်။ စည်သူဝင်းကတော့ ဖေဖော်ဝါရီလကတည်းက လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ပြီး အားသွန်ခွန်စိုက်ကြိုးစားခဲ့တာ ဖြစ်ပါတယ် ။ လူမှုကွန်ယက်စာမျက်နှာကနေ သူ့ရဲ့လှုပ်ရှားမှုတွေကို မျှဝေပေးနေတဲ့ စည်သူဝင်းက အခုတော့ ဝမ်းနည်းကြေကွဲကြောင်း စာလေးကိုရေးထားတာ ဖြစ်ပါတယ် ။

Photo Credit -Si Thu Win's FB Acc
Photo Credit -Si Thu Win's FB Acc
Photo Credit -Si Thu Win's FB Acc
Photo Credit -Si Thu Win's FB Acc

ပြီးခဲ့တဲ့မတ်လ (၃)ရက်နေ့က မန္တလေးမှာကျဆုံးသွားတဲ့ အသက် (၁၉)နှစ်အရွယ် သူရဲကောင်းမလေးက သူတို့ "Double Dating" အဖွဲ့ရဲ့Fan ဖြစ်ကြောင်း စည်သူဝင်းတို့က အခုမှသိလိုက်ရတာ ဖြစ်ပါတယ် ။ စည်သူဝင်းကတော့ ကွယ်လွန်သူညီမလေးတင်ထားခဲ့တဲ့ စာလေးတွေကိုပြန်ဖတ်ရင်း အရမ်းကို စိတ်မကောင်းဖြစ်ပြီး ခံစားနေရတာ ဖြစ်ပါတယ် ။ ဒါကြောင့် စည်သူဝင်းက သူတို့ရဲ့ပရိသတ်ဖြစ်ခဲ့တဲ့ သူရဲကောင်းမလေးအတွက် ဆုမွန်ကောင်းတွေတောင်းပေးထားတာလည်း ဖြစ်ပါတယ် ။

Photo Credit -Si Thu Win's FB Page
Photo Credit -Si Thu Win's FB Page
Photo Credit -Thazin Htoo Myint's FB Acc
Photo Credit -Thazin Htoo Myint's FB Acc

စည်သူဝင်းက "ညီမ​လေးရယ် ရင်ကျိုးပါပြီ? Aung Min Khant ကျွန်​တော်တို့နှစ်​ယောက်ပြိုင်စားတာလေးကြည့်ပြီးသူဗိုက်ဆာနေကျတဲ့? ပြီး​တော့ DD ရဲ့ ပရိသတ်တစ်​ယောက်ပဲ အခု​တော့သူမရှိ​တော့ဘူး ပရိသတ်တစ်​ယောက်ဆုံးရှုံးရသလို ညီမ​လေးတစ်​ယောက်ဆုံးရှုံးရသလိုပါပဲ ?ကောင်းရာမွန်ရာ​ရောက်ပါ​စေ သူရဲ​ကောင်းမ​လေး​ရေ?စိတ်ထဲအမြဲ​လေးစား​နေမှာပါ?" ဆိုပြီး သူ့ရဲ့ Facebook Account မှာတင်ထားတာ ဖြစ်ပါတယ် ။ ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးပါတယ် ညီမလေးရေ။ စည်သူဝင်းကိုယ်တိုင်မျှဝေထားတဲ့ သူရဲကောင်းမလေးကြယ်စင်ရဲ့စာလေးကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်နော်။

Source & Photo Credit -Si Thu Win's FB Acc

Photo Credit -Si Thu Win's FB Acc
Photo Credit -Si Thu Win's FB Acc
Photo Credit -Si Thu Win's FB Acc
Photo Credit -Si Thu Win's FB Acc
Photo Credit -Si Thu Win's FB Acc
Photo Credit -Si Thu Win's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T