သူမကိုယ်တိုင် လူထုလှုပ်ရှားမှုမှာပါဝင်နေပြီး ပြည်သူတွေကိုလည်း အသက်မဆုံးရှုံးအောင်ဂရုစိုက်ဖို့ စေတနာနဲ့သတိပေးလိုက်တဲ့ စန္ဒီမြင့်လွင်

//s9.kh1.co/6f/6fe2070fdcf00073b3a5dd75058490221e6ebab8.jpeg
အနုပညာရှင်များ

 ၀၄-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

သူမကိုယ်တိုင် လူထုလှုပ်ရှားမှုမှာပါဝင်နေပြီး ပြည်သူတွေကိုလည်း အသက်မဆုံးရှုံးအောင်ဂရုစိုက်ဖို့ စေတနာနဲ့သတိပေးလိုက်တဲ့ စန္ဒီမြင့်လွင်

ပရိသတ်ကြီးရေ အဆိုတော်စန္ဒီမြင့်လွင်ကတော့ သမီးလေးတစ်ယောက်ကို မွေးဖွားထားပြီး ပျော်ရွှင်စရာ မိသားစုကမ္ဘာလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်နဲ့ကိုသီဟလွင်တို့ ဇနီးမောင်နှံကတော့ တစ်ယောက်ကိုတစ်ယောက် အရမ်းနားလည်မှုရှိကြပြီး စိတ်တူကိုယ်တူနဲ့ လက်တွဲနေထိုင်နေကြတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်ရဲ့သမီးချောလေးTreasureလေးကတော့ တစ်နှစ်ကျော်အရွယ်လေးကို ရောက်ရှိလာပြီး တစ်နေ့တခြား ပိုပိုချစ်ဖို့ကောင်းလာတဲ့ ကလေးလေးပဲဖြစ်ပါတယ်နော်။

Photo Credit:Sandy Myint’s Lwin’s Facebook page 

စန္ဒီမြင့်လွင်ကတော့ သမီးလေးရဲ့အနာဂတ်လေးလှပဖို့အတွက် လက်ရှိအခြေအနေတွေကို အားကြိုးမာန်တက်ရင်ဆိုင်နေတာဖြစ်ပါတယ်နော်။စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံနှစ်ယောက်လုံးက အနုပညာမောင်နှမတွေနဲ့အတူ လမ်းပေါ်နေ့တိုင်းထွက်ပြီး ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်နေတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်ကတော့ Treasure လေးကို အိမ်မှာထားခဲ့ပြီး ဇနီးမောင်နှံနှစ်ယောက်တည်း လူထုလှုပ်ရှားမှုမှာ ပါဝင်နေကြတာပဲဖြစ်ပါတယ်နော်။စန္ဒီမြင့်လွင်က အခုရက်ပိုင်းမှာ ကျဆုံးသွားတဲ့ လူငယ်လေးတွေအတွက် များစွာစိတ်မကောင်းဖြစ်နေရလို့ သူတို့တွေအစား ပိုပြီးကြိုးစားပေးနေတာဖြစ်ပါတယ်။

Photo Credit:Sandy Myint’s Lwin’s Facebook page /YE KYAW PHYO
Photo Credit:Sandy Myint’s Lwin’s Facebook page /YE KYAW PHYO
Photo Credit:Sandy Myint’s Lwin’s Facebook page /YE KYAW PHYO
Photo Credit:Sandy Myint’s Lwin’s Facebook page /YE KYAW PHYO

စန္ဒီမြင့်လွင်က သက်လက်ပိုင်းအရွယ်ဖြစ်ပေမယ့်လည်း လူငယ်တွေနည်းတူ တက်တက်ကြွကြွနဲ့ နေ့စဉ်ရက်ဆက်လှုပ်ရှားနေတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်ကတော့ “သက်လက်ပိုင်းအရွယ် Gen Y အရွယ်ဖြစ်လာချိန်မှာ Gen Zတွေလောက်သတ္တိမရှိတာဝန်ခံပါတယ်။ဒါပေမယ့် ငါတို့ကမှကြောက်နေရင်ကြောက်စိတ်တွေရှိနေရင် သေဆုံးသွားတဲ့သူရဲကောင်းတွေနဲ့ Gen Zတွေကို ငါတို့ရှက်တယ် ဒီတိုက်ပွဲနိုင်မှဖြစ်မယ်။ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါ တိုက်ပွဲဝင်တာလည်းဝင်ကြပါ တစ်ယောက်မှအသက်ဆုံးရူံးလို့မဖြစ်ပါဘူး တိုက်ပွဲကပြီးခါနီးပါပြီ ထပ်ပြောပါမယ် ဒီနေ့ကစတစ်ယောက်မှအသက်မဆုံးရှုံးပါစေနဲ့ ပြေးရင်းလွှားရင်းတစ်ခဏ”ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Sandy Myint’s Lwin’s Facebook page 
Photo Credit:Sandy Myint’s Lwin’s Facebook page 
Photo Credit:Sandy Myint’s Lwin’s Facebook page 
Photo Credit:Sandy Myint’s Lwin’s Facebook page 
Photo Credit:Sandy Myint’s Lwin’s Facebook page 
Photo Credit:Sandy Myint’s Lwin’s Facebook page 

Source&Photo Credit:Sandy Myint’s Lwin’s Facebook page 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T