ရရှိထားတဲ့ အလှူငွေ10,040,000 ကျပ်ကို ကြွေလွင့်သွားခဲ့ရတဲ့ သူရဲကောင်းတွေရဲ့ မိသားစုတွေထံ လိုက်လံလှူဒါန်းပေးနေခဲ့တဲ့ ခင်ဝင့်ဝါတို့သူငယ်ချင်းတစ်စု

//s9.kh1.co/e1/e15dd468511627849375d90f0439264a54b8882e.jpg
အနုပညာရှင်များ

 ၀၄-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ရရှိထားတဲ့ အလှူငွေ10,040,000 ကျပ်ကို ကြွေလွင့်သွားခဲ့ရတဲ့ သူရဲကောင်းတွေရဲ့ မိသားစုတွေထံ လိုက်လံလှူဒါန်းပေးနေခဲ့တဲ့ ခင်ဝင့်ဝါတို့သူငယ်ချင်းတစ်စု

မနေ့ကတော့ လူထုလှုပ်ရှားမှုတွေပြုလုပ်ကြရင်း အမိနိုင်ငံအတွက် အသက်ပေးလိုက်ရတဲ့ သူရဲကောင်းတွေများစွာရှိနေခဲ့ပြီး မြန်မာပြည်သူတွေကတော့ ကြွေလွင့်သွားကြတဲ့ သူရဲကောင်းတွေအတွက် ဝမ်းနည်းနေကြပါတယ်။ လူထုလှုပ်ရှားမှုတွေမှာလည်း မြန်မာပြည်သူတွေနဲ့အတူ ရဲရဲဝင့်ဝင့်ပါဝင်လျက်ရှိနေတဲ့ ခင်ဝင့်ဝါကတော့ အမှန်တရားဘက်ကနေ ရပ်တည်ပေးရင်း ကျဆုံးသွားခဲ့ရတဲ့ သူရဲကောင်းတွေအတွက် စိတ်မကောင်းဖြစ်ဝမ်းနည်းနေခဲ့ပါတယ်။

Photo Credit: Khin Wint Wah' s Facebook Page

ခင်ဝင့်ဝါတို့သူငယ်ချင်းတစ်ခုကတော့ ယခုမှာ ကောက်ခံရရှိထားတဲ့ အလှူငွေ10,040,000 ကျပ်ကို နိုင်ငံအတွက်အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်းတွေရဲ့ မိသားစုတွေထံ လိုက်လံလှူဒါန်းနေခဲ့ပါတယ်။ ပြည်သူတွေဘက်ကနေ ရပ်တည်လျက်ရှိနေတဲ့ ခင်ဝင့်ဝါကတော့ " ကျွန်မတို့ သူငယ်ချင်းမိတ်ဆွေတွေစုပေါင်းပြီး တော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ ပြည်သူတွေအတွက်အလှူငွေ ကောက်ခံခဲ့တာ စုစုပေါင်း 10,040,000 ကျပ် ရရှိခဲ့ပါတယ် "ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့ပါတယ်။

Photo Credit: Khin Wint Wah' s Facebook Page
Photo Credit: Khin Wint Wah' s Facebook Page
Photo Credit: Khin Wint Wah' s Facebook Page
Photo Credit: Khin Wint Wah' s Facebook Page
Photo Credit: Khin Wint Wah' s Facebook Page
Photo Credit: Khin Wint Wah' s Facebook Page

ခင်ဝင့်ဝါကတော့ " ဒီနေ့ရွှေပြည်သာမှမောင်လေး ညီညီအောင်ထက်နိုင်ရဲ့နာရေးအတွက် ၁၆ သိန်း နဲ့ လှိုင်သာယာက ဆရာမ ဒေါ်တင်နွဲ့ရီရဲ့ နာရေးအတွက် ၁၆ သိန်း ကို ကိုယ်တိုင်သွားရောက်ပေးအပ်ခဲ့ပါတယ်နောက်ရက်တွေမှာလည်း လိုအပ်သည့်နေရာများကို ဆက်သွယ်ကူညီသွားပါမည်ပါဝင်ကုသိုလ်ယူကြသော သူငယ်ချင်းမိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ ယနေ့မှာ လူထုလှုပ်ရှားမှုပြုလုပ်နေကြတဲ့ ပြည်သူပြည်သားတွေအားလုံးဘေးရန်အသွယ်သွယ်မှ ကင်းဝေးကြပါစေကြောင်းဆုတောင်းပေးလိုက်ရပါတယ်။

Source: Khin Wnit Wah' s Facebook Page

Photo Credit: Khin Wint Wah' s Facebook Page
Photo Credit: Khin Wint Wah' s Facebook Page
Photo Credit: Khin Wint Wah' s Facebook Page
Photo Credit: Khin Wint Wah' s Facebook Page
Photo Credit: Khin Wint Wah' s Facebook Page
Photo Credit: Khin Wint Wah' s Facebook Page
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T