ခံစားချက်ကိုရှေ့တန်းမတင်ဘဲဦးနှောက်နဲ့စဉ်းစားပြီးရှေ့ဆက်တော်လှန်သင့်ကြောင်း သုံးသပ်ပြောပြလာတဲ့ ဖြူဖြူကျော်သိန်း

//s9.kh1.co/41/419dbe58f4db798b6dea5f8d52d0038e705d2cb4.jpeg
အနုပညာရှင်များ

 ၀၄-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော်  ဖြူဖြူကျော်သိန်းကတော့  ပြည်သူတွေနဲ့အတူ  တစ်သားတည်းရပ်တည်ပြီး  လူထုလှုပ်ရှားမှုတွေမှာ  တက်ကြွစွာ  ပူးပေါင်းပါဝင်နေသူတစ်ဦးလည်း  ဖြစ်ပါတယ်။  ပရိသတ်တွေသတင်းအချက်အလက်တွေကိုလည်း  အချိန်နဲ့တစ်ပြေးညီသိရှိနိုင်အောင်လည်း  သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်  ဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။  ဒါ့အပြင်  ညစဉ် ၈ နာရီရောက်တိုင်းလည်း  သူမရဲ့အိမ်ရှေ့တွင်  သံဗုံးတီးလှုပ်ရှားမှုအစီအစဉ်ကိုလည်း  လုပ်ဆောင်နေတာပဲ  ဖြစ်ပါတယ်။

Photo Crd-Phyu Phyu Kyaw Thein’s Facebook Page 
Photo Crd-Phyu Phyu Kyaw Thein’s Facebook Page 
Photo Crd-Phyu Phyu Kyaw Thein’s Facebook Page 
Photo Crd-Phyu Phyu Kyaw Thein’s Facebook Page 

မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  ဖြူဖြူရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  ခံစားချက်ကိုရှေ့တန်းမတင်ဘဲဦးနှောက်နဲ့စဉ်းစားပြီးရှေ့ဆက်တော်လှန်သင့်ကြောင်း သုံးသပ်ပြောပြလာတာပဲ  ဖြစ်ပါတယ်။  ကမ္ဘာကြီးကအမှတ်ပေးဝန်းရံပေးနေတဲ့  လက်ရှိအခြေအနေကို  အပျက်စီးမခံသင့်ကြောင်းကိုလည်း  အခုလို ရှင်းပြပေးထားတာပဲ  ဖြစ်ပါတယ်။  " သတ်တယ်။

ဘာလို့သတ်တာလဲ?

အဖြေကအများကြီးပဲ။

Photo Crd-Phyu Phyu Kyaw Thein’s Facebook Page 
Photo Crd-Phyu Phyu Kyaw Thein’s Facebook Page 
Photo Crd-Phyu Phyu Kyaw Thein’s Facebook Page 
Photo Crd-Phyu Phyu Kyaw Thein’s Facebook Page 

ဒါပေမယ့်...၂ ခုပဲအရင်ပြောမယ်။

ကြောက်အောင် နဲ့ ဒေါသထွက်အောင်။

အဲ့ဒီ ၂ ခုကတွဲနေတတ်တယ်။ 

လက်စားချေဖို့၊ အကြမ်းဖက်ဖို့၊ အဓိကရုဏ်းဖြစ်ဖို့ ဆီကိုဦးတည်တယ်။ 

အခုကမ္ဘာကြီးကအမှတ်ပေးဝန်းရံနေတဲ့ peaceful protest by the people of Myanmar ဆိုတဲ့ပုံရိပ်ကောင်းကိုပျက်စီးအောင်လုပ်ချင်တာပဲ။ 

အဲ့ဒါပျက်စီးသွားလို့မရဘူး။

အဲ့တော့ဘာလုပ်မလဲ?

ခံစားချက်ကိုရှေ့တန်းမတင်ပဲ ဦးနှောက်နဲ့ပဲ ရှေ့ဆက်မယ်။

နာစရာကိုနှလုံးသားမှာတက်တူးလိုထိုးထားမယ်။

ငြိမ်းချမ်းစွာဆန္ဒပြမယ်။

ကိုယ့်အချင်းချင်း ရှေ့တန်းနောက်တန်း ပိုစည်းလုံးမယ်။

အရေးတော်ပုံ အောင်ရမယ်။ " ဆိုပြီး ရေးသားပြောပြထားတာပဲ  ဖြစ်ပြီး  ပရိသတ်တွေအတွက်  ဒီသတင်းလေးကို  တစ်ဆင့်  ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Phyu Phyu Kyaw Thein’s Facebook Page 

Photo Crd-Phyu Phyu Kyaw Thein’s Facebook Page 
Photo Crd-Phyu Phyu Kyaw Thein’s Facebook Page 
Photo Crd-Phyu Phyu Kyaw Thein’s Facebook Page 
Photo Crd-Phyu Phyu Kyaw Thein’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T