ကိုယ်နဲ့သွေးမတော်သားမစပ်ပေမယ့် တစ်မြေတည်းနေတဲ့လူအချင်းချင်း နာကျင်နေတာတွေမြင်ရလို့ မျက်ရည်ကျမိကြောင်းပြောလာတဲ့ သဥ္ဇာနွယ်ဝင်း

//s9.kh1.co/46/46176664e8f60ea737c1a2f5619681109552de91.jpg
အနုပညာရှင်များ

 ၀၄-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ကိုယ်နဲ့သွေးမတော်သားမစပ်ပေမယ့် တစ်မြေတည်းနေတဲ့လူအချင်းချင်း နာကျင်နေတာတွေမြင်ရလို့ မျက်ရည်ကျမိကြောင်းပြောလာတဲ့ သဥ္ဇာနွယ်ဝင်း

သရုပ်ဆောင်မင်းသမီးချောလေး သဥ္ဇာနွယ်ဝင်းကတော့ သားတစ်ယောက်၊ သမီးတစ်ယောက် ပိုင်ဆိုင်ထားရတဲ့ ကလေးမေမေပဲ ဖြစ်ပါတယ် ။ လတ်တလောမှာ သဥ္ဇာနွယ်ဝင်းက ကလေးတွေကိုပြုစုစောင့်ရှောက်နေရတာကြောင့် လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်မပါဝင်နိုင်ပေမယ့်လည်း အားလုံးနဲ့ဆန္ဒထပ်တူကျကြောင်း ပြသခဲ့တာ ဖြစ်ပါတယ် ။ သဥ္ဇာနွယ်ဝင်းက လမ်းပေါ်ထွက်နေတဲ့ပြည်သူတွေအတွက် အရေးတကြီး လိုအပ်မယ့် သတင်းအချက်အလက်လေးတွေကို မျှဝေပေးနေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Thinzar Nwe Win's FB Acc
Photo Credit-Thinzar Nwe Win's FB Acc
Photo Credit-Thinzar Nwe Win's FB Acc
Photo Credit-Thinzar Nwe Win's FB Acc

ဒါ့အပြင် သဥ္ဇာနွယ်ဝင်းက မြန်မာပြည်သူ ပြည်သားတွေအားလုံး ဘေးအန္တရာယ်ကင်းရှင်းစေဖို့ အမြဲတမ်း ဆုမွန်ကောင်းတောင်းပေးနေတာလည်း ဖြစ်ပါတယ် ။ အခုလည်း သဥ္ဇာနွယ်ဝင်းက ကျဆုံးသွားတဲ့ပြည်သူတွေရဲ့သတင်းတွေကို မြင်တွေ့ရလို့ အရမ်းစိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ် ။ သဥ္ဇာနွယ်ဝင်းကတော့ ကိုယ်နဲ့တစ်နိုင်ငံတည်းမှာနေထိုင်တဲ့ ပြည်သူတွေရဲ့နာကျင်မှုတွေကို ထပ်တူထပ်မျှခံစားရတာကြောင့် ရင်နာပြီး ဝမ်းနည်းနေရကြောင်း ပြောပြထားတာ ဖြစ်ပါတယ် ။

Photo Credit-Thinzar Nwe Win's FB Acc
Photo Credit-Thinzar Nwe Win's FB Acc
Photo Credit-Thinzar Nwe Win's FB Acc
Photo Credit-Thinzar Nwe Win's FB Acc

သဥ္ဇာနွယ်ဝင်းက "အိမ်မှာ ကလေးနှစ်ယောက်အိပ်လို့ ခဏလေး fb သုံးတဲ့အချိန်မှာလည်း ရင်နာစရာ ဝမ်းနည်းစရာတွေအပြည့်နဲ့ အသည်းထဲထိနာကျင်ရတယ်။ ကိုယ်နဲ့ သွေးမတော်သားမစပ်ကြပေမယ့် တစ်မြေတည်းနေတဲ့ လူအချင်းချင်း နာကျင်နေတာတွေ မြင်ရတာ ကြားရတာ ဝမ်းနည်းနာကျင်လှပါပြီ။ တကယ်ခံစားရတဲ့အခါ နှလုံးသားထဲကပါ မျက်ရည်ကျပါလားနော်။ မြန်မာပြည်သူ ပြည်သားတွေအားလုံး အမြန်အေးချမ်းပါစေ..." ဆိုပြီး သူမရဲ့ရင်တွင်းခံစားချက်လေးတွေကို ဖွင့်ဟထားတာ ဖြစ်ပါတယ် ။ ကဲ အန္တရာယ်တွေရှိနေတဲ့ကြားကနေ ကိုယ့်နိုင်ငံအတွက် ကြိုးစားပေးနေတဲ့ ပြည်သူတွေအားလုံး ဘေးကင်းကြပါစေလို့ ဆုတောင်းပေးပါတယ်နော်။

Source & Photo Credit-Thinzar Nwe Win's FB Acc

Photo Credit-Thinzar Nwe Win's FB Acc
Photo Credit-Thinzar Nwe Win's FB Acc
Photo Credit-Thinzar Nwe Win's FB Acc
Photo Credit-Thinzar Nwe Win's FB Acc
Photo Credit-Thinzar Nwe Win's FB Acc
Photo Credit-Thinzar Nwe Win's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T