တိုင်းပြည်အတွက် ပြည်သူလူထုနဲ့အတူ လိုချင်တဲ့ ပန်းတိုင်အထိပူးပေါင်းကာ ဆက်လက်ချီတတ်နေတဲ့ ရဲလေး

//s9.kh1.co/da/da46557b39d485a96b1219df4d432497c85c359f.jpg
အနုပညာရှင်များ

 ၀၄-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် ရဲလေးကတော့ ဆယ်စုနှစ်ကျော်တိုင်အောင် ဂီတလောကတွင် ရပ်တည်အောင်မြင်နေတဲ့ သူဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်ချစ်ချင် အားပေးဝန်းရံမှုကို ခံနေရသူဆိုလည်း မမှားပါဘူးနော်.....။ရဲလေးဟာ ကိုယ်ပိုင် သီချင်းကောင်းများစွာကို သီဆိုဖျော်ဖြေလေ့ ရှိတာဖြစ်ပြီး နောက်ပိုင်းတွင် "နှင်းဆီအငြိမ့်"တွင်ပါဝင်ခဲ့ကာ ပီပီပြင်ပြင် လုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့အားပေးမှုကို ထပ်မံရရှိထားတာ ပဲဖြစ်ပါတယ်။

Photo Credit - Ye' Lay FB Page
Photo Credit - Ye' Lay FB Page
Photo Credit - Ye' Lay FB Page
Photo Credit - Ye' Lay FB Page

ရဲလေးဟာ လတ်တလော အခြေအနေတွေမှာ ပြည်သူလူထုနဲ့အတူ တစ်သားတည်း ရပ်တည်ပါဝင်ကာ အနာဂတ်အတွက် ကိုယ်တိုင်လှုပ်ရှားနေတာဖြစ်ပါတယ်။အခုလိုအချိန်မျိုးတွင် စည်းလုံးညီညွှတ်မှု ရှိကြပြီး ပြည်သူတွေကိုလည်း ကူညီဖေးမကာ တစ်ယောက်နဲ့တစ်ယောက် ဝန်းရံနေကြတာ ပဲဖြစ်ပါတယ်။ရဲလေးဟာ တရားမျှတမှုအတွက် ငြိမ်းချမ်းစွာ ဖော် ထုတ်နေကြသူတွေကိုလည်း နိုင်သလောက် အလှူလေးတွေ လုပ်နေတာလည်း တွေ့ရပါတယ်နော်......။

Photo Credit - Ye' Lay FB Page
Photo Credit - Ye' Lay FB Page
Photo Credit - Ye' Lay FB Page
Photo Credit - Ye' Lay FB Page

မနေ့ကဆိုရင်လည်း ပြည်သူလူထုနဲ့ အတူ ပူပေါင်း အားဖြည့် ပါဝင်နေတာကို "ယနေ ့အင်အားဖြည့် ရင်း...နောက်နေ ့လည်းအတူတူဆက်ချီတက်ပါမယ် ???"ဆိုတဲ့ စာသားနဲ့ အတူ ပုံရိပ်တွေကို သူရဲ့ လူမူကွန်ယက် စာမျက် နှာထက်တွင် ဖော်ပြလာတာ ဖြစ်ပါတယ်။ရဲလေးကတော့ လိုအပ်နေတဲ့အချိန်မှာ ပြည်သူပရိသတ်တွေဘက်ကနေ အမြဲ အဆင်သင့်ရှိနေတာ ဖြစ်ပြီး တာဝန်ကျေပွန်စွာ ပန်းတိုင်မရောက်မချင်း အားကြိုးမာန်တတ် ပါဝင်လှုပ်ရှားနေတဲ့ ပုံရိပ်တွေကို ပြန်လည် ဝေမျှပေးလိုက်ပါတယ်။

Photo Credit - Ye' Lay FB Page
Photo Credit - Ye' Lay FB Page
Photo Credit - Ye' Lay FB Page
Photo Credit - Ye' Lay FB Page

သတင်း အရင်းအမြစ်Ye' Lay FB Page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T