အမေရိကန်သမ္မတထရမ့်ရဲ့ မီဒီယာတွေကို တိုက်ခိုက်မှုအပေါ် ခုခံကာကွယ်ပြောကြားပေးခဲ့သူ အဖြစ်လူသိများတဲ့အမေရိကန် သမ္မတ အိမ်ဖြူတော်ပြန်ကြားရေး အတွင်းဝန် ဆီယန် စပိုက်ဆာက ရာထူးကနေ နှုတ်ထွက်သွားတယ်လို့ NBCNews မှာဖော်ပြထားပါတယ်။

ထွက်ခွာရတဲ့အကြောင်းရင်းကတော့အိမ်ဖြူတော်ဆက်သွယ်ရေး ညွှန်ကြားရေးမှူးအသစ်အဖြစ် Wall Street ဘဏ္ဍာရေးမှူး အန်သိုနီ စကယ်ရာမျူချီကို ခန့်အပ်လိုက်တဲ့အပေါ် ဆန့်ကျင်တဲ့အနေနဲ့ ရာထူးကနေနှုတ်ထွက်သွားတာပါ။ 

စပိုက်ဆာနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ခုရဲ့ ပြောကြားချက်အရ ဘဏ္ဍာရေးမှူးစကယ်ရာမျူချီဟာဆက်သွယ်ရေးအခန်းကဏ္ဍအတွက် လိုအပ်တဲ့ အရည်အချင်းမရှိတာကြောင့် စပိုက်ဆာက ဆန့်ကျင်ခဲ့တာလို့ ဆိုပါတယ်။ အခုလို ရာထူးကနေ နှုတ်ထွက်သွားပေမဲ့ စပိုက်ဆာက တာဝန်တွေကို သြဂုတ်လတစ်လလုံး ဆက်လက်ထမ်းဆောင်သွားဦးမှာပါ။

Aung

သတင်းအရင်းမြစ် NBCNews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။