သရုပ်ဆောင် ၊ အဆိုတော် ထွန်းထွန်းကတော့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းနှလုံးကို ခြွေယူနိုင်သူဖြစ်လို့ ပရိသတ်တွေကြား ရေပန်းစား လူကြိုက်များတာကို တွေ့ရပါတယ်။ သရုပ်ဆောင်ကောင်းတဲ့ သူရဲ့ ဟန်နဲ့ ချောမောပြေပြစ်တဲ့ ရုပ်ရည်ကြောင့် အနုပညာလမ်းကြောင်းထက်မှာ ယနေ့တိုင် အောင်မြင်မှု့တွေကို အရယူသိမ်းပိုက်ထားနိုင်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဆွဲဆောင်မှုရှိပြီး ချိုသာတဲ့ အသံကြောင့် ထွက်ရှိသမျှသီချင်းတိုင်းကလည်း အောင်မြင်မှုတွေရရှိတာဖြစ်ပါတယ်။
ထွန်းထွန်းကို အားပေးကြတဲ့ ပရိသတ်တွေထဲမှာမှ ဆယ်ကျော်သက်အရွယ် မကြယ်စင်ကလည်း တစ်ယောက်အပါအဝင်ပါ။ မနေ့က မန္တလေးမြို့ လူထုလှုပ်ရှားမှုကြီးမှာ ရှေ့တန်းကနေ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ မကြယ်စင်က ထိခိုက်ဒဏ်ရာရကာ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ အခုလို သူ့ကိုအားပေးတဲ့ ပရိသတ် မကြယ်စင်သေဆုံးမှုနဲ့ ပတ်သတ်ပြီး ထွန်းထွန်းက လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ ပိုစ့်တစ်ခု တင်ပေးလာခဲ့ပါတယ်။
ဒါကတော့ အာဇာနည်သူရဲကောင်း မကြယ်စင်နဲ့အတူ ရိုက်ကူးထားတဲ့ ပုံလေးကိုတင်ပေးလာကာ " အဲဒီအချိန်ကမင်းသားနဲ့ဓါတ်ပုံတွဲရိုက်ပြီးဂုဏ်ယူနေမယ့် "သူမ" အခုတော့ သူရဲကောင်းနဲ့ဓါတ်ပုံတွဲရိုက်ခဲ့ရလို့ ဂုဏ်ယူနေရမယ့် ကျွန်တော် ပါဗျာ " ဆိုတဲ့ စာသားလေးလည်း ရေးသားလာတာဖြစ်လို့ ချစ်ပရိသတ်တွေ ဖတ်ရှု့စေဖို့အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ ထွန်းထွန်းရေးသားထားတဲ့ စာသားလေးကို ဖတ်ရင်း ပရိသတ်တွေက ကောမန့်မှာ မကြယ်စင် ကောင်းရာသုဂတိလားဖို့အတွက် ဆုတောင်းပေးလိုက်ကြပါအုန်းနော်။
သတင်း အရင်းအမြစ်៖ Source - Htin Tun Aung's FB account