ကိုယ့်ဝမ်းနဲ့မလွယ်ပေမယ့် မွေးကျွေးခဲ့ရတဲ့ သားသမီး၊တူ၊တူမတွေရှိလို့ ကလေးတစ်ယောက် အသက်ဆုံးရှုံးရတိုင်း မိခင်တွေနဲ့ထပ်တူနာကျင်ရတယ်ဆိုတဲ့ အေးသီတာ

//s9.kh1.co/6a/6aa5107f804dd4f6483b1d4fc87ce18493c4b3f0.jpeg
အနုပညာရှင်များ

 ၀၄-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ကိုယ့်ဝမ်းနဲ့မလွယ်ပေမယ့် မွေးကျွေးခဲ့ရတဲ့ သားသမီး၊တူ၊တူမတွေရှိလို့ ကလေးတစ်ယောက် အသက်ဆုံးရှုံးရတိုင်း မိခင်တွေနဲ့ထပ်တူနာကျင်ရတယ်ဆိုတဲ့ အေးသီတာ

ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာအလုပ်တွေကို တစ်ခေတ်တစ်ခါကတည်းက လုပ်ဆောင်ခဲ့တဲ့အေးသီတာကတော့ အခုချိန်ထိလည်း အနုပညာလောကထဲမှာကျင်လည်နေဆဲပဲဖြစ်ပါတယ်။အေးသီတာကမြန်မာနိုင်ငံမှာ COVID-19 ကူးစက်ရောဂါတွေပြန့်ပွါးချိန်ကနေစပြီး အခုချိန်ထိ အနုပညာအလုပ်တွေကို ရပ်နားထားတာဖြစ်ပါတယ်။အေးသီတာကတော့ မိသားစုဝမ်းရေးအတွက် သူမတတ်ကျွမ်းတဲ့အချက်အပြုတ်နဲ့ မုန့်ဟင်းခါးချက်ပြီး ရောင်းချနေတာဖြစ်ပါတယ်။အေးသီတာရဲ့ မုန့်ဟင်းခါးကလည်း စားသုံးသူတွေများပြားပြီး လအနည်းငယ်အတွင်းမှာပင် ရောင်းအားတက်လာတာဖြစ်ပါတယ်နော်။

Photo Credit:Aye Thida’s Facebook Acc
Photo Credit:Aye Thida’s Facebook Acc
Photo Credit:Aye Thida’s Facebook Acc
Photo Credit:Aye Thida’s Facebook Acc

အခုလိုကာလမှာတော့ အေးသီတာကလည်း သူမရဲ့စီးပွါးရေးကို ခဏရပ်နားထားပြီး ပြည်သူတွေနဲ့အတူတစ်စိတ်တစ်ဝမ်းတည်း ရှိနေတာဖြစ်ပါတယ်။အေးသီတာကတော့ ပြည်သူလူထုနဲ့အတူ တတ်နိုင်သလောက် လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်နေတာဖြစ်ပါတယ်နော်။အေးသီတာကလည်း လမ်းပေါ်ထွက်နေကြတဲ့ ပြည်သူလူထုကိုအိမ်အပြန်အဆင်ပြေအောင်လို့ Free Driveလိုက်ပို့ပေးပြီး တတ်အားသ၍ကူညီဖေးမပေးတာဖြစ်ပါတယ်။ပြည်သူလူထုအချင်းချင်းကလည်း အပြန်အလှန်ရိုင်းပင်းကူညီကြလို့ ဒီကာလမှာ စားသောက်ရေးနဲ့သွားလာရေးတွေ မပူရပါဘူးနော်။

Photo Credit:Aye Thida’s Facebook Acc
Photo Credit:Aye Thida’s Facebook Acc
Photo Credit:Aye Thida’s Facebook Acc
Photo Credit:Aye Thida’s Facebook Acc
Photo Credit:Aye Thida’s Facebook Acc
Photo Credit:Aye Thida’s Facebook Acc

လတ်တလောမှာဆိုရင်တော့ အမြို့မြို့၊အနယ်နယ်မှာရှိကြတဲ့ လူထုလှုပ်ရှားမှုတွေမှာ တချို့လူငယ်တွေကတော့အသက်ပေးသွားရပြီဖြစ်ပါတယ်။မြန်မာပြည်သူ၊ပြည်သားတွေကလည်း ကျဆုံးသွားတဲ့လူငယ်တွေအတွက်ဆုတောင်းပွဲတွေပြုလုပ်ပေးကြပြီး ကျန်ရစ်သူမိသားစုအတွက်လည်း တစ်တပ်တစ်အားလှူဒါန်းကြတာဖြစ်ပါတယ်။အေးသီတာကတော့”ကျွန်မ မှာ ၁၄ နှစ်ရှိတဲ့တူ သားတစ်ယောက်ရှိတယ်။ကိုယ့်ဝမ်းနဲ့မလွယ်ဘဲ မွေးကျွေးခဲ့ရတဲ့ သားသမီး၊တူ၊တူမတွေရှိတယ်။ကလေး ၁ယောက်ဖြစ်တိုင်း နှလုံးသားကနာကျင်တယ်။ငါ့တို့အမေတွေရဲ့နှလုံးသားကို ဝင်ကြည့်စမ်းပါ။”ဆိုပြီး သူမရဲ့ခံစားချက်ကို ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Aye Thida’s Facebook Acc
Photo Credit:Aye Thida’s Facebook Acc
Photo Credit:Aye Thida’s Facebook Acc
Photo Credit:Aye Thida’s Facebook Acc

Source&Photo Credit:Aye Thida’s Facebook Acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T