နွေဦးတော်လှန်ရေးအတွင်းမှာ အသက်ပေးသွားခဲ့ရတဲ့သူတွေအတွက် ငိုကြွေး၀မ်းနည်းရကာယူကျုံးမရဖြစ်ခဲ့ရတဲ့အကြောင်းပြောလာတဲ့ ဘေဘီမောင်

//s9.kh1.co/bd/bd87fa1c4a8ba5f5f71ef5cb07785fe3e5397672.jpg
အနုပညာရှင်များ

 ၀၄-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမြန်မာနိုင်ငံအတွင်းမှာ ဖေဖော်ဝါရီ (၁)ရက်နေ့တည်းကစတင်ပြီးဖြစ်ပွားခဲ့တဲ့အခြေအနေအရပ်ရပ်ကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေပါ၀င်ကာ ငြိမ်းချမ်းစွာနဲ့ လှုပ်ရှားမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုကြီးဟာ အရှိန်အဟုန်ကောင်းနေဆဲဖြစ်ပြီး အခုဆိုရင် ရက်ပေါင်း ၃၀ကျော်ခန့်ကြာမြင့်နေပြီဖြစ်ပါတယ်နော်.....။

Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc

လူထုလှုပ်ရှားမှုကြီးမှာဆိုရင် လူငယ်တွေအတော်များများပါ၀င်နေကြတာဖြစ်ပြီး တစ်ရက်ပြီးတစ်ရက်လည်း အခက်အခဲအတားအဆီးတွေများစွာနဲ့တွေ့ကြုံနေကြရတာဖြစ်ပါတယ်။ အခုလိုအခက်အခဲအတားအဆီးတွေများလာတာနဲ့အမျှ ဖြိုခွင်းမှုတွေကြောင့် အသက်စတေးသွားခဲ့ရတဲ့ လူငယ် လူရွယ်တွေမြန်မာနိုင်ငံအနှံ့အပြားမှာပေါ်ပေါက်လာနေတာကိုလည်းတွေ့ရပါတယ်နော်.....။

Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc

အခုလိုအပြစ်မဲ့ လူငယ်လေးတွေသေဆုံးနေရတဲ့အတွက် ဘေဘီမောင်ဟာသူမရဲ့ Facebook စာမျက်နှာထက်မှာ "ကိုယ်နဲ့မသိဖူးတဲ့သူစိမ်း တွေရဲ့သေဆုံးခြင်းကိုငိုနေရလိမ့်မယ်လို့ တစ်ခါမှမတွေးခဲ့ဖူးပါဘူးရှင်?နွေဦးမှာအရွက်တွေကြွေရမှာ??အသက်တွေမဟုတ်ပါဘူးရှင်?......" ဆိုပြီးရေးသားလာခဲ့ပါတယ်။ ပူဆွေးသောကရောက်နေတဲ့ဘေဘီမောင်ရဲ့စာလေးကိုမျှဝေရင်း မြန်မာနိုင်ငံကြီးလည်းအမြန်ဆုံးငြိမ်းချမ်းစေဖို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc
https://s9.kh1.co/__image/w=650,h=266,q=100/cc/cc03ddba65818d5db70313f76bb282251272f63d.jpg

သတင်း အရင်းအမြစ်Baby Maung's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T