ရှေ့တန်းကပြည်သူတွေအတွက်ကာကွယ်ရေးပစ္စည်းတွေလှူကာ လိုတာယူပါ ဘေးကင်းကင်းနဲ့ပြန်ခဲ့မယ်လို့ကတိပေးပါဆိုပြီး ဆို့နစ်စွာပြောလာတဲ့ အိမ့်ချစ်

//s9.kh1.co/ed/edde6137a706b4f5b60be0f2aab8c728e0105cd2.jpg
အနုပညာရှင်များ

 ၀၄-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ဂီတလောကမှာ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ အောင်မြင်မှုတွေအခိုင်အမာရရှိထားကြတဲ့ အဆိုတော်အိမ့်ချစ်ကိုတော့ ယောကျ်ားလေး မိန်းကလေး ပရိသတ်တွေအားလုံးက ချစ်ခင်အားပေးနေကြသူလေးပဲ ဖြစ်ပါတယ်..။

အိမ့်ချစ်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျလှူဒါန်းမှုတွေလည်း ပြုလုပ်ကာ ပြည်သူတွေနဲ့အတူ အပြည့်အဝရပ်တည်နေသူလေးလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Eint Chit's Fb Acc
Photo Credit - Eint Chit's Fb Acc

အိမ့်ချစ်ဟာ ဒီကနေ့လေးမှာလည်း တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းတွေအတွက် လှူဒါန်းမှုတွေပြုလုပ်ကာ တစ်ဖက်တစ်လမ်းကနေ အားဖြည့်ပါဝင်နေသလို ပြည်သူတွေဘေးကင်းစေဖို့ကိုလည်း ဆို့နစ်စွာ ပြောပြလာပါတယ်နော်..။

မြေပြင်က သူရဲကောင်းပြည်သူတွေအတွက် ကာကွယ်ရေးပစ္စည်းတွေလှူရင်း လိုတာယူပြီး ဘေးကင်းကင်းနဲ့ပြန်ခဲ့မယ်လို့ကတိပေးပါဆိုပြီး မျှော်လင့်ချက်လေးတွေနဲ့ ဆို့နစ်စွာ ရင်ဖွင့်ပြောပြကာ အလှူလေး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်နော်..။

Photo Credit - Eint Chit's Fb Acc
Photo Credit - Eint Chit's Fb Acc
Photo Credit - Eint Chit's Fb Acc
Photo Credit - Eint Chit's Fb Acc

"လိုတာယူပါ ဘေးကင်းကင်းနဲ့ ပြန်ခဲ့မယ်လို့ကတိပေးပါ

Safety & Defense ပစ္စည်းများအတွက်တတ်နိုင်

သလောက်ထည့်ဝင်လှူဒါန်းထားတဲ့အလှူလေး

ပစ္စည်းတွေဒီနေ့စဝေနေပါပြီ ??????

ပါဝင်နိုင်အောင်စီစဉ်ပေးတဲ့အကိုလည်းကျေးဇူးပါ

??????.." ဆိုပြီး အိမ့်ချစ်က ရေးသားထားတာ ဖြစ်ပါတယ်..။

ပရိသတ်တွေကလည်း အိမ့်ချစ်လေးရဲ့ မျှော်လင့်ဆုတောင်းစကားလေးတွေနဲ့ အလှူလေးကို အားပေးစကားလေးတွေလည်း ပြောထားကြသလို Comment လေးတွေမှာလည်း မှတ်ချက်လေးတွေ ပေးထားကြတာ တွေ့ရပါတယ်နော်..။

Photo Credit - Eint Chit's Fb Acc
Photo Credit - Eint Chit's Fb Acc

သတင်း အရင်းအမြစ်Eint Chit's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T