ပရိသတ်ကြီးကို ဒီတစ်ခါ ဖော်ပြပေးမှာကတော့ ကမ္ဘာပေါ်က စစ်တပ်မရှိပဲ ငြိမ်းချမ်းလွန်းတဲ့နိုင်ငံလေးတွေထဲမှာ နံပါတ် ၁ နေရာကိုရရှိထားတဲ့ အန်ဒိုရာနိုင်ငံလေး အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဒီနိုင်ငံလေးဟာ ဥရောပတိုက် အနောက်တောင်ပိုင်းမှာရှိတဲ့ နိုင်ငံလေး တစ်ခု ဖြစ်ပြီး စပိန်နဲ့ ပြင်သစ်နိုင်ငံတို့ရဲ့ ကြားထဲမှာ ရှိတဲ့ ပီးရနီးစ် တောင်တန်းပေါ်မှာ တည်ရှိတာပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံလေးဟာ ကုန်းတွင်းပိတ်နိုင်ငံတစ်ခု ဖြစ်ပြီး လှပတဲ့ ရှုခင်းတွေကို တဝကြီး ခံစားနိုင်တဲ့ နေရာလဲ ဖြစ်ပါတယ်။
သဘာ၀ ရှုခင်းတွေက လှပတဲ့အပြင် အဲ့ဒီမှာ နေထိုင်တဲ့ သူတွေကလည်း စိတ်သဘောထား ဖြူစင်ပြီး ငြိမ်းချမ်းစွာ နေထိုင်ကြတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ဒီနိုင်ငံ လေးမှာ စစ်တပ်မရှိတာကြောင့် အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ပြင်သစ်နဲ့ စပိန်နိုင်ငံ တို့နဲ့ စစ်ရေးသဘောတူ စာချုပ်တွေ ချုပ်ဆိုထားပါတယ်။ ဒီနိုင်ငံလေးမှာ စစ်တပ်နဲ့ တူတာဆိုလို့ အခမ်းအနားတွေမှာ စစ်ရေးပြတဲ့ စေတနာ့ ဝန်ထမ်းတွေပဲ ရှိပါတယ်။
ဒါ့အပြင် နိုင်ငံတော် အကြီးအကဲတွေကို ကာကွယ်ပေးဖို့အတွက် ဖွဲ့စည်းထားတဲ့ GIPA လို့ခေါ်တဲ့ အထူးလေ့ကျင့်ထားတဲ့ နိုင်ငံကာကွယ်ရေး အစိတ်အပိုင်းမှာ တစိတ်တဒေသ အဖြစ် ပါဝင်လို့နေပါတယ်။ ဒီလို ငြိမ်းချမ်း လှပတဲ့ အန်ဒိုရာ နိုင်ငံလေးဟာ ပြီးပြည့်စုံလှတဲ့ သဘာဝတရားကြီးက ဝန်းရံထားတာကြောင့် နေချင်စဖွယ် ဖြစ်နေပီး နှစ်စဉ်နှစ်တိုင်း လာရောက်လည်ပတ်သူတွေနဲ့ ပြည့်နှက်နေတယ်လို့လည်း သိရပါတယ်။
သတင်း အရင်းအမြစ်៖ Google