Myanmar idol အဆိုပြိုင်ပွဲဲကြီးကနေ ဝင်ရောက်ယှဥ်ပြိုင်ရင်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားတဲ့ အဆိုတော် ငွေဇင်လှိုင်း ကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ ငွေဇင်လှိုင်းက အနုပညာအလုပ်တွေကိုလည်း အားကြိုးမာန်တက် လုပ်ကိုင်နေသလို အလှူအတန်းတွေကိုလည်း တက်နိုင်တဲ့ ဘက်ကနေ အလှူလေးတွေ လှူဒါန်းပေးတာ တွေ့ရပါတယ်။ လတ်တလောမှာဆိုရင်လည်း သူမက လူထုလှုပ်ရှားမှုတွေမှာ အမှန်တရားကိုလိုလားကြတဲ့ ပြည်သူပြည်သားတွေ နဲ့အတူ အပြည့်အဝရပ်တည်ပေးခဲ့ပါတယ်။
ဒါ့အပြင် လမ်းမပေါ်က ပြည်သူတွေအတွက် တက်နိုင်ဘက်ကနေ စားသောက်စရာလေးတွေကို ဝေငှလှူဒါန်းပေးတာလည်း တွေ့ရပါတယ်။ ယခုမှာဆိုရင် ငွေဇင်လှိုင်းဟာ မကြာသေးမှီရက်ပိုင်းက လူထုလှုပ်ရှားမှုတွေမှာပါဝင်ရင်း အသက်ပေးလိုက်ရတဲ့ အာဇာနည်သူရဲကောင်းတွေထဲကမှ မုံရွာမြို့က အကြော်ဆရာ နဲ့ ကျိုက်ထိုမြို့က ဇင်လင်းထက်တို့အတွက် မိသားစုဝင်များကို ဂုဏ်ပြုထောက်ပံ့အလှူငွေများ ပေးအပ်လှူဒါန်းပေးခဲ့ပါတယ်။ ဒီအလှူလေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ လူမှုကွန်ယက်မှာ ပြောပြထားရာမှာလည်း ....
"လောလောဆယ် မုံရွာမြို့မှ အကြော်ဆရာ ရဲ့ကျန်ရစ်သူမိသားစုအတွက် ငွေဇင်တို့မိသားစုမှ (၃)သိန်းကျပ် .....ကျိုက်ထိုက မောင်လေး ဇင်လင်းထက် ရဲ့ ကျန်ရစ်သူမိသားစုအတွက် (၃) သိန်းကျပ်တို့ကို လှူထားပေးပါတယ်..... အခုနောက်ထပ် အသက်ပေးသွားရသူများထဲမှာ မိသားစုစားဝတ်နေရေး အရမ်းခက်ခဲပြီး ကလေးငယ်များ ကျန်ခဲ့သူများကိုလည်း နောက်ထပ် လှူဒါန်းပေးသွားမှာတွေ ကျန်နေပါတယ် ....တူတူလှူချင်ရင် ငွေဇင့်ကို လာလှူထားလည်းရပါတယ် ....အလှူငွေတွေ တစ်ခါထဲ စုထားပြီး လိုအပ်တဲ့နေရာတွေ ဆက်သွယ်လှူဒါန်းပေးသွားပါ့မယ်ရှင့် " ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ကဲ..ပရိသတ်ကြီးရေ အာဇာနည် သူရဲကောင်းတွေအတွက် မွန်မြတ်တဲ့ အလှူလေးကို ပြုလုပ်ခဲ့တဲ့ ငွေဇင်လှိုင်းတို့ မိသားစုလေးကို စုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦး။
သတင်း အရင်းအမြစ်៖ Source - Ngwezin Hline fb account