ကမ္ဘာကြီးကို သွေးပင်လယ် ဝေသွားစေခဲ့တဲ့ အကြီးမားဆုံး စစ်ပွဲကြီး

//s9.kh1.co/ba/ba1639c95eb1bcdaa3c1faa19b1c32b083c056a0.jpg
ဗဟုသုတအဖြာဖြာ

 ၀၄-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဒုတိယကမ္ဘာစစ်ဟာ ကမ္ဘာအနှံ့ဖြစ်ပွားခဲ့တာဖြစ်ပြီး ၁၉၃၉ကနေ ၁၉၄၅ခုနှစ်အထိ ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ ကမ္ဘာအင်အားကြီးနိုင်ငံအားလုံး ဝင်ရောက်တိုက်ခိုက်ကြတဲ့ ဒီစစ်ပွဲဟာ လူသမိုင်းတစ်လျှောက် အသေအပျောက်အများဆုံးလည်းဖြစ်ပါတယ်။ အမေရိကန် ၊ ဗြိတိန် ဦးဆောင်တဲ့မဟာမိတ်တပ်ပေါင်းစုနဲ့ ဂျာမနီ၊ ဂျပန် ၊ အီတလီ ဦးဆောင်တဲ့ ဝင်ရိုးတန်းနိုင်ငံတွေ တိုက်ခိုက်ခဲ့ကြတာပါ။ စစ်မီးဟာ ကမ္ဘာအနှံ့အပြား အလျှင်အမြန်ကူးစက်ခဲ့ပြီး စစ်သားပေါင်းသန်း ၁၀၀ကျော် ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါ။

https://s9.kh1.co/__image/w=600,h=610,q=100/eb/eb3258932c47103afe0bb6b1fd258f316712ec74.jpg
https://s9.kh1.co/__image/w=600,h=712,q=100/77/77dfce7d5b5af860fdd94c17b2bd56cba01dfb44.jpg

ဒီစစ်ပွဲမှာပါဝင်ကြတဲ့နိုင်ငံတွေဟာ အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာဆိုပြီးခွဲခြားကာ မိမိတို့ရဲ့စီးပွားရေး စက်မှုလုပ်ငန်းနဲ့ သိပ္ပံပညာရပ်ဆိုင်ရာ စစ်လက်နက်တီထွင်မှုများကို စစ်အတွင်းအရှိန်မြှင့်တင်ခဲ့ကြပါတယ်။ အချို့နိုင်ငံငယ်များမှာတော့ စီးပွားရေးကပ်ဘေးကြောင့် အခြေခံလူတန်းစားတွေအငတ်ဘေးဆိုက်ကပ်ခြင်း ၊လူသတ်လက်နက်များအပြိုင်ထုတ်ခြင်း ၊ နျူကလီးယားကဲ့သို့သောလက်နက်ဆန်းများကိုတီထွင်ခဲ့ခြင်းကြောင့် အပြစ်မဲ့အရပ်သားတွေအစုအပြုံလိုက်သေဆုံးခဲ့ရခြင်းတွေဟာ ထင်သာမြင်သာရှိတဲ့ဖြစ်ရပ်တွေဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=480,q=100/97/9756845c2b09ef8164bfecd4590b82b0decdd139.jpg
https://s9.kh1.co/__image/w=600,h=595,q=100/99/996956fb98329a44928d458b14b9dea4311d5e8c.jpg

ဒီစစ်ပွဲမှာလူပေါင်း သန်း ၆၀ ခန့် သေကြေပျက်စီးခဲ့ရပြီး နိုင်ငံတော်တော်များများလည်း စစ်ဘေးဒဏ်ကို ခံစားခဲ့ရပါတယ်။ ပရိသတ်ကြီးအတွက်အခုလို ထူးဆန်းတဲ့ အကြောင်းအရာတွေကို ရှာဖွေ တင်ဆက်ပေးအုန်းမှာ မို့လို့ စောင့်မျှော်ဖတ်ရှုပေးပါအုန်းနော်။

https://s9.kh1.co/__image/w=600,h=499,q=100/97/97d9b0758d7e5569061a4ee9c6ee29661e4ef60f.jpg
https://s9.kh1.co/__image/w=600,h=428,q=100/ab/abd05ab2bba05436b8dad963e8daabf09b55348a.jpg

သတင်း အရင်းအမြစ်History

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T