နွေဦးတော်လှန်းရေး (၃.၃.၂၀၂၁)ရက်မှာဖြိုခွင်းမှုတွေကြောင့် ကျဆုံးသွားခဲ့ရတဲ့ အပြစ်မဲ့ပြည်သူများ

//s9.kh1.co/1a/1adfa35c4a6c370d446a242a11dc74077e664625.jpg
နေ့စဉ်သတင်းများ

 ၀၄-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ဖေဖော်ဝါရီလ (၁)ရက်နေ့မှစတင်ကာ ဖြစ်ပေါ်ခဲ့တဲ့အခြေအနေတွေကြောင့် ပြည်သူတွေအနေနဲ့တတ်နိုင်တဲ့ဘက်ကနေ အစွမ်းကုန်ကြိုးစားကာလူထုလှုပ်ရှားမှုတွေဆက်တိုက်ပြုလုပ်နေကြတာကို တွေ့မြင်ကြမယ်ထင်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့လုပ်ဆောင်နေကြတဲ့ ဒီလှုပ်ရှားမှုကြီးမှာဆိုရင် ဒီမိုကရေစီလိုလားကြတဲ့ပြည်သူတိုင်းဟာ လူမျိုးဘာသာမရွေး၊ အသက်အရွယ်မရွေးပါ၀င်နေကြတာဖြစ်ပြီး အခုဆိုရင် ရက်ပေါင်း ၃၀ကျော်ကြာမြင့်နေပြီဖြစ်ပါတယ်။

Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV

မြန်မာနိုင်ငံအတွင်းမှာဖြစ်ပေါ်နေတဲ့အခြေအနေအရပ်ရပ်ဟာဆိုရင် နိုင်ငံအများအပြားကလည်းစောင့်ကြည့်နေကြတာဖြစ်ပြီး မြန်မာပြည်သူလူထုကလဲ လှေခွက်ကြီးကျန်အလံမလဲစိတ်ဓာတ်နဲ့ အဆုံးစွန်ထိကြိုးစားလုပ်ဆောင်နေကြတာပါ။ အခုလိုလူထုလှုပ်ရှားမှုတွေအားကောင်းလာတာနဲ့အမျှ တစ်ဖက်မှာလည်း ဖြိုခွင်းမှုတွေကိုဆက်တိုက်ဆိုသလို မြို့နယ်အနှံ့အပြားမှာပြင်းပြင်းထန်ထန်လုပ်ဆောင်လာကြတာကိုတွေ့မြင်ရပါတယ်။ဖြိုခွင်းမှုတွေဟာ လူထုလှုပ်ရှားမှုတွေစတင်ခဲ့တဲ့ ရက်ပိုင်းအတွင်းကစကာ လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး နွေဦးတော်လှန်ရေးရဲ့ ၃.၃.၂၀၂၁ရက်နေ့မှာတော့ အပြစ်မဲ့ပြည်သူအများအပြား အသက်ဆုံးရှုံးခဲ့ရတဲ့အဖြစ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ကြရတာပါ။

Photo credit-နာရေးကူညီမှုအသင်း-ရန်ကုန်
Photo credit-နာရေးကူညီမှုအသင်း-ရန်ကုန်
Photo credit-နာရေးကူညီမှုအသင်း-ရန်ကုန်
Photo credit-နာရေးကူညီမှုအသင်း-ရန်ကုန်

၃.၃.၂၀၂၁ရက်နေ့မှာဆိုရင် မန္တလေး၊ မုံရွာ၊ မြင်းခြံ၊ မော်လမြိုင်၊ မြောက်ဥက္ကာလာပမြို့နယ် (ရန်ကုန်)တို့မှာ ဖြိုခွင်းမှုတွေကိုပြင်းပြင်းထန်ထန်လုပ်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူအများအပြားအသက်ဆုံးရှုံးခဲ့ကြရတာဖြစ်ပါတယ်။ သေဆုံးသူစာရင်းအနေနဲ့ လောလောဆယ်မှာ (၁) မကျော့နန္ဒအောင် (၂၅ နှစ်)- မုံရွာ။(၂)မောင်မင်းခန့်ကျော် (၁၇ နှစ်) - မုံရွာ။(၃)ကိုဇော်သိန်းအောင် (၂၀ နှစ်) - မုံရွာ။(၄)ဒေါ်မြင့်မြင့်ဇင် (၃၆ နှစ်)  - မုံရွာ။(၅)ကိုမိုးအောင် (၂၃ နှစ်) - မုံရွာ။ (၆)ကိုနိုင်ဝင်း (၄၅ နှစ်) - မုံရွာမြို့။(၇)(စုံစမ်းဆဲ) - မုံရွာမြို့။
(၈) (စုံစမ်းဆဲ) - မုံရွာမြို့။(၉)ကိုမျိုးနိုင်လင်း (၃၉ နှစ်) - မန္တလေး။(၁၀)မကြယ်စင် (၁၉ နှစ်) - မန္တလေး။ (၁၁) မောင်ထက်ဝေထူး (၁၉ နှစ်) - မော်လမြိုင်။ (၁၂)ကိုဇင်ကိုဇော် (၂၁ နှစ်) - မြင်းခြံမြို့။(၁၃)ကိုအောင်မြင့်မြတ် (၂၀ နှစ်) - စလင်းမြို့။ (၁၄) ကိုထက်စိုး (၂၆ နှစ်) - မြောက်ဥက္ကလာပ။ (၁၅) ဖိုးချစ် (၂၂ နှစ်) - မြောက်ဥက္ကလာပ။ (၁၆)အာကာစိုး(၂၅ နှစ်) - မြောက်ဥက္ကလာပ။
(၁၇) (စုံစမ်းဆဲ) -  မြောက်ဥက္ကလာပ။(၁၈)(စုံစမ်းဆဲ) - မြောက်ဥက္ကလာပ။ (၁၉)(စုံစမ်းဆဲ) -  မြောက်ဥက္ကလာပ။ (၂၀) (စုံစမ်းဆဲ) - မြောက်ဥက္ကလာပ။ (၂၁)(စုံစမ်းဆဲ) -  မြောက်ဥက္ကလာပ။
(၂၂) (စုံစမ်းဆဲ) - မြောက်ဥက္ကလာပ။(၂၃)(စုံစမ်းဆဲ) -  မြောက်ဥက္ကလာပ။ (၂၄) (စုံစမ်းဆဲ) - မြောက်ဥက္ကလာပ လို့သိရှိရပါတယ်။ သတင်းအတိအကျကိုလည်း နောက်ပိုင်းထပ်မံတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Photo credit-Original Uploaders
Photo credit-Original Uploaders
Photo credit-Original Uploaders
Photo credit-Original Uploaders

သေဆုံးသူအတော်များများဟာ လူငယ်လေးတွေဖြစ်ကြပြီးတော့ အရွယ်နဲ့မလိုက်အောင်ကို ရဲရင့်ကြတဲ့သူလေးတွေဖြစ်ကြပါတယ်။ ကျန်ရစ်သူမိသားစုတွေအနေနဲ့ ပူဆွေးသောကများစွာကိုရင်ဝယ်ပိုက်ပြီးနေနေကြရသလို ပြည်သူလူထုကလည်း ဆုံးရှုံးသွားခဲ့တဲ့သူရဲကောင်းတွေအတွက် အလှူငွေထည့်၀င်ကူညီကြတဲ့အပြင် ကောင်းမှုကုသိုလ်တွေလည်း ရည်စူးပြီးလုပ်ပေးနေကြတာကိုတွေ့ရပါတယ်။ ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-နာရေးကူညီမှုအသင်း-ရန်ကုန်
Photo credit-နာရေးကူညီမှုအသင်း-ရန်ကုန်

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T