ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ်ထရာရဲ့ အမှုကို ထိုင်း တရားရုံးချုပ်က နောက်လ (၂၅) ရက်နေ့မှာ စီရင်ချက်ချမယ်လို့ ရက်သတ်မှတ်လိုက်ကြောင်း reuters သတင်းဌာနက ဖော်ပြထားပါတယ်။
ယင်းလပ်ဟာ ထိုင်းဝန်ကြီးချုပ်ဖြစ်ချိန်တုန်းက အစိုးရရဲ့ ဆန်စပါး အမတော်ငွေ အစီအစဉ်မှာဒေါ်လာ ဘီလီယံနဲ့ချီပြီး နစ်နာဆုံးရှုံးစေခဲ့တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပြီး (၂၀၁၄) ခုနှစ်မှာ စစ်အာဏာ သိမ်းခံရကာ ဝန်ကြီးချုပ်ရာထူးကနေ ဖြုတ်ချခံလိုက်ရပါတယ်။
ယင်းလပ်အနေနဲ့စွပ်စွဲထားမှုကို (၁၈) လကြာ တရားရင်ဆိုင်ခဲ့ရပြီး ပြစ်မှုထင်ရှား စီရင်ခံရမယ်ဆိုရင် ထောင်ဒဏ် (၁၀) နှစ်အထိ ချမှတ်ခံရနိုင်တယ်လို့ ဆိုပါတယ်။ ယင်းလပ်နဲ့ သူ့ရဲ့ ဖူ ထိုင်း ပါတီကတော့ ဒီအမှုဟာ နိုင်ငံရေးအရ ထိုးနှက်ချက်တစ်ခုသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ လက်ရှိအချိန်အထိ ယင်းလပ် ကိုနိုင်ငံရေးအရထောက်ခံသူတွေရှိနေဆဲပါ။
Aung
သတင်းအရင်းမြစ် reuters
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။