စိုးရိမ်နေကြတဲ့ပြည်သူတွေအတွက် သူဘေးကင်းလုံခြုံမှုရှိကြောင်း ဗီဒီယိုဖိုင်တင်ပေးကာသက်သေပြလိုက်တဲ့ ပိုင်တံခွန်

//s9.kh1.co/4d/4de9ce7b0290ef56a878e76d9ec4bea5a1e34ec4.jpeg
အနုပညာရှင်များ

 ၀၅-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မင်းသား ပိုင်တံခွန်ကတော့  မြန်မာနိုင်ငံက  ပရိသတ်တွေသာမကဘဲ  ပြည်ပနိုင်ငံများက  ပရိသတ်တွေပါ  တစ်ခဲနက်  ချစ်ခင်အားပေးနေရသူတစ်ယောက်လည်း  ဖြစ်ပါတယ်။  လက်ရှိမြန်မာနိုင်ငံတွင်  ဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာလည်း  ပြည်သူတွေနဲ့အတူ  ပူးပေါင်းပါဝင်ဆောင်ရွက်နေတာလည်း  ဖြစ်ပါတယ်။  ပိုင်တံခွန်ကတော့  လူငယ်တွေနဲ့အတူ  ရှေ့ဆုံးကနေ  ဒိုင်းကာအဖြစ်  ပြည်သူတွေကို  ကာကွယ်ပေးနေတာကြောင့်လည်း  အားလုံးရဲ့ ချီးကျူးမှုတွေ  ရရှိနေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Paing Takhon’s Facebook Account 

လွန်ခဲ့တဲ့  ရက်ပိုင်းလောက်ကတော့  ပိုင်တံခွန်တစ်ယောက်  social media ထက်တွင်  ပျောက်ကွယ်နေတဲ့အတွက်  အားလုံးက  စိုးရိမ်ပူပန်နေကြတာလည်း  ဖြစ်ပါတယ်။  ပိုင်တံခွန်ဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရပြီလို့တောင်  ကောလဟာလတွေ  ထွက်ရှိခဲ့တာလည်း  ဖြစ်ပါတယ်။  ဒီကောလဟာလတွေ  အကုန်ကင်းရှင်းသွားအောင်  မကြာသေးခင် နာရီပိုင်းလောက်က  သူ့ရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု  တင်ထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-Paing Takhon’s Facebook Account 
Photo Crd-Paing Takhon’s Facebook Account 
Photo Crd-Paing Takhon’s Facebook Account 
Photo Crd-Paing Takhon’s Facebook Account 
Photo Crd-Paing Takhon’s Facebook Account 
Photo Crd-Paing Takhon’s Facebook Account 

ဒါကတော့  စိုးရိမ်နေကြတဲ့ပြည်သူတွေအတွက် သူဘေးကင်းလုံခြုံမှုရှိကြောင်းအား ဗီဒီယိုဖိုင်တင်ပေးကာသက်သေပြလိုက်တာပဲ  ဖြစ်ပါတယ်။  သူကလည်း " ဘယ်လောက်ကြီးမား ခိုင်ခံ့ပြီး မာကြောတဲ့ ကျောက်ဆောင်ကြီး ဖြစ်နေပါစေ 

ကျောက်တူးသမားတစ်ယောက်ရဲ့ 

လက်အောက်မှာ ပြိုလဲရစမြဲပါ

အချိန်တော့ ယူရမှာပေါ့" ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပြီး ခြေထောက်ခိုက်မိထားတာကြောင့်  ဆေးကုသမှုခံယူနေရကြောင်းနဲ့  ကျွန်တော် အပြင်မှာပြည်သူတွေကို ကူညီပေးဖို့ အမြဲရှိနေပါတယ် 

အရင်လို ပျော်စရာအချိန်တွေ မရှိတော့တဲ့ အတွက်လဲ ဝမ်းနည်းရပါတယ်

မြန်မာပြည်ကြီး သောကတွေ ကင်းဝေးပါစေ " လို့ ပရိသတ်တွေစိတ်မပူစေဖို့ပြောထားတာတွေအား တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Paing Takhon’s Facebook Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T