အသက်ပေးခဲ့ရသူတွေအတွက်မီးတွေထွန်းပြီး ဆုတောင်းပေးရင်းကမ္ဘာမကြေဘူးသီချင်းကို သီဆိုခဲ့တဲ့ ဝါဆိုမိုးဦးနဲ့ဖြိုးလေးတို့စုံတွဲ

//s9.kh1.co/a9/a95fb883ea5b7f9233159bc38b49bd3d1e58c1b6.jpg
အနုပညာရှင်များ

 ၀၅-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

အသက်ပေးခဲ့ရသူတွေအတွက်မီးတွေထွန်းပြီး ဆုတောင်းပေးရင်းကမ္ဘာမကြေဘူးသီချင်းကို သီဆိုခဲ့တဲ့ ဝါဆိုမိုးဦးနဲ့ဖြိုးလေးတို့စုံတွဲ

စိတ်တူကိုယ်တူနဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်နေကြတဲ့ ဖြိုးလေးနဲ့ဝါဆိုမိုးဦးတို့စုံတွဲကတော့ ပြည်သူတွေဘက်ကနေ ပြတ်ပြတ်သားသားရပ်တည်လျက်ရှိနေတဲ့ အနုပညာရှင်တွေပဲဖြစ်ကြပါတယ်။ မြန်မာပြည်သူပြည်သားတွေကတော့ ဆုံးပါးသွားရှာကြပြီဖြစ်တဲ့ သူရဲကောင်းတွေအတွက် စိတ်မကောင်းဖြစ်ဝမ်းနည်းနေကြပြီး မနေ့ညကတော့ အသက်ပေးခဲ့ရသူတွေအတွက် ဆုတောင်းပွဲတွေကို နေရာဒေသကိုယ်စီမှာ ပြုလုပ်ပေးနေကြတာပဲဖြစ်ပါတယ်။

Photo Credit: Phyo Layy ' s Facebook Page 
Photo Credit: Phyo Layy ' s Facebook Page 
Photo Credit: Phyo Layy ' s Facebook Page 
Photo Credit: Phyo Layy ' s Facebook Page 

ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့စုံတွဲကတော့ နွေဦးတော်လှန်ရေးမှာ အသက်ပေးလိုက်ရတဲ့ သူရဲကောင်းတွေအတွက် ဖယောင်းတိုင်မီးတွေထွန်းပြီးဆုတောင်းပေးရင်း ကမ္ဘာမကြေဘူးသီချင်းကို သီဆိုနေခဲ့ပါတယ်။ ဝါဆိုမိုးဦးကတော့ " ကျဆုံးသွားသော နွေဦးတော်လှန်ရေးသူရဲ့ကောင်းများ ကောင်းရာဘုံကိုရောက်ရှိပါစေ "ဆိုပြီး ဆုတောင်းနေတဲ့ ပုံရိပ်လေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: Phyo Layy ' s Facebook Page 
Photo Credit: Phyo Layy ' s Facebook Page 
Photo Credit: Phyo Layy ' s Facebook Page 
Photo Credit: Phyo Layy ' s Facebook Page 
Photo Credit: Phyo Layy ' s Facebook Page 
Photo Credit: Phyo Layy ' s Facebook Page 

ဖြိုးလေးကတော့ " ကျဆုံး ခဲ့သော နွေဦးတော်လှန်ရေး သူရဲကောင်းများ အတွက် ဆုတောင်း "ဆိုပြီး လူမှုကွန်ယက်ထက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ နိုင်ငံအတွက် အသက်ပေးလိုက်ရတဲ့ ရဲရဲတောက်သူရဲကောင်းတွေ အေးငြိမ်းသော ဘုံဘဝကိုရောက်ရှိကြပါစေကြောင်းဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။ သူရဲကောင်းတွေအတွက် ဆုတောင်းပေးရင်း ကမ္ဘာမကြေဘူးသီချင်းကို သီဆိုနေတဲ့ ဖြိုးလေးနဲ့ဝါဆိုမိုးဦးတို့စုံတွဲရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source: Phyo Layy / Warso Moe Oo ' s Facebook Page

Photo Credit: Phyo Layy ' s Facebook Page 
Photo Credit: Phyo Layy ' s Facebook Page 
Photo Credit: Phyo Layy ' s Facebook Page 
Photo Credit: Phyo Layy ' s Facebook Page 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T