ပြည်သူတွေရဲ့အသက်ကိုကယ်တင်နိုင်ဖို့အတွက် သူမရဲ့သွေးကိုလှူဒါန်းပြီး အသက်ရှည်ရှည်နေပေးဖို့သာ တောင်းဆိုလိုက်တဲ့ လင်းဇာနည်ဇော်

//s9.kh1.co/84/84b631b32bf03b11b7fc5f9d68a6384210897f2f.jpeg
အနုပညာရှင်များ

 ၀၅-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ပြည်သူတွေရဲ့အသက်ကိုကယ်တင်နိုင်ဖို့အတွက် သူမရဲ့သွေးကိုလှူဒါန်းပြီး အသက်ရှည်ရှည်နေပေးဖို့သာ တောင်းဆိုလိုက်တဲ့ လင်းဇာနည်ဇော်

လင်းဇာနည်ဇော်နဲ့ချစ်ချစ်ဇော်တို့ညီအစ်မနှစ်ယောက်ကတော့ တစ်ခေတ်တစ်ခါကတည်းက အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့တာဖြစ်ပါတယ်။လင်းဇာနည်ဇော်တို့မိသားစုက စည်းစည်းလုံးလုံးနေထိုင်ကြပြီး အပြန်အလှန်ဂရုစိုက်ပေးကြလို့ အရမ်းနွေးထွေးကြတဲ့မိသားစုလေးဖြစ်ပါတယ်။လင်းဇာနည်ဇော်နဲ့ချစ်ချစ်ဇော်တို့မိသားစုကတော့ လက်ရှိအခြေအနေတွေမှာဆိုရင် နေ့တိုင်းလမ်းပေါ်ထွက်ပြီး ပြည်သူတွေအတွက် စားစရာ၊သောက်စရာတွေ လိုက်လံလှူဒါန်းနေတာဖြစ်ပါတယ်။

Photo Credit:Lin Zarni Zaw’s Facebook Acc 
Photo Credit:Lin Zarni Zaw’s Facebook Acc 
Photo Credit:Lin Zarni Zaw’s Facebook Acc 
Photo Credit:Lin Zarni Zaw’s Facebook Acc 

လင်းဇာနည်ဇော်ရဲ့သမီးလေး မြူလင်းကိုကိုကလည်း လူငယ်တစ်ယောက်ဖြစ်တာကြောင့် သူမရဲ့အနာဂတ်အတွက် သတ္တိရှိရှိရင်ဆိုင်နေတာဖြစ်ပါတယ်။အခုရက်ပိုင်းတွေမှာဆိုရင် လူထုလှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြတဲ့ လူငယ်တချို့လည်း အသက်ပေးသွားရပြီဖြစ်ပါတယ်။အသက်ငယ်ငယ်လေးတွေပဲရှိသေးတဲ့ မျိုးစက်သစ်လူငယ်လေးတွေက အစောဆုံးကြွေလွင့်သွားခဲ့ကြလို့ ပြည်သူလူထုကတော့ ရင်နင့်စွာခံစားနေကြရတာပဲဖြစ်ပါတယ်။ကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုတွေကိုလည်း ပြည်သူလူထုက တတ်နိုင်သလောက် ကူညီဖေးမပေးကြတာဖြစ်ပါတယ်။

Photo Credit:Lin Zarni Zaw’s Facebook Acc 
Photo Credit:Lin Zarni Zaw’s Facebook Acc 
Photo Credit:Lin Zarni Zaw’s Facebook Acc 
Photo Credit:Lin Zarni Zaw’s Facebook Acc 

လမ်းပေါ်မှာတက်တက်ကြွကြွပါဝင်လှုပ်ရှားကြရင်း ထိခိုက်ဒဏ်ရာရရှိသွားကြတဲ့ လူတွေအတွက်လည်း ပြည်သူတွေဘက်က လိုအပ်တဲ့သွေးအမျိုးအစားနဲ့ဂရုစိုက်စောက်ရှောက်မှုတွေကို လိုလေသေးမရှိအောင် ဆောင်ရွက်ပေးကြတာဖြစ်ပါတယ်။လင်းဇာနည်ဇော်ကလည်း သွေးလိုအပ်တဲ့သူတွေအတွက် အဆင်သင့်ဖြစ်အောင်လို့ သူမရဲ့သွေးကို စိတ်ရင်းအမှန်နဲ့ လှူဒါန်းလိုက်တာဖြစ်ပါတယ်။လင်းဇာနည်ဇော်ကတော့ သူမရဲ့သွေးကို လှူဒါန်းပြီးအသက်ရှည်ရှည်နေပေးဖို့ပဲ ပြည်သူတွေကို တောင်းဆိုလိုက်တာဖြစ်ပါတယ်။

Photo Credit:Lin Zarni Zaw’s Facebook Acc 
Photo Credit:Lin Zarni Zaw’s Facebook Acc 
Photo Credit:Lin Zarni Zaw’s Facebook Acc 
Photo Credit:Lin Zarni Zaw’s Facebook Acc 

Source&Photo Credit:Lin Zarni Zaw’s Facebook Acc 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T