တန်ဖိုးရှိတဲ့ ပြည်သူတွေနောက်ထပ် သွေးမြေမကျရအောင် အချိန်တစ်ခုကို သည်းခံစောင့်ကြရမယ်ဆိုတဲ့အကြောင်း ပြောပြလာခဲ့တဲ့ ခါရာ

//s9.kh1.co/fb/fbdf897cb68fb6fe215f0adb87ebd67634b0eae5.jpg
အနုပညာရှင်များ

 ၀၅-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပြည်သူတွေနဲ့ မျိုးဆက်သစ်လူငယ်တွေက အားကြိုးမာန်တက်ဖြင့် အမှန်တရားကိုလိုလားကြတဲ့ လူထုလှုပ်ရှားမှုတွေထဲမှာ အနုပညာရှင်များစွာကလည်း ပူပေါင်းပါဝင်ပြီး ရပ်တည်ပေးခဲ့ကြပါတယ်။ လူငယ်တွေနဲ့ ပူးပေါင်းပါဝင်လှုပ်ရှားကြတဲ့ အနုပညာရှင်တွေထဲမှာ မော်လ်ဒယ်သရုပ်ဆောင် ခါရာက တက်တက်ကြွကြွ ပါဝင်တာ တွေ့ရပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်လှပအောင် တာဝန်သိပြည်သူတစ်ယောက်အနေနဲ့ အောင်မြင်ကျော်ကြားမှုတွေကို ဘေးချိတ်ထားပြီး လူထုလှုပ်ရှားမှုတွေလည်း နေ့စဥ်ဆိုသလို တစ်သားတည်း ပါဝင်လှုပ်ရှားခဲ့ပါတယ်။

Photo Credit - Khar Ra fb page
Photo Credit - Khar Ra fb page
Photo Credit - Khar Ra fb page
Photo Credit - Khar Ra fb page

ဒါ့အပြင် ခါရာက တရားမျှတတဲ့ အနာဂတ်အခွင့်အရေးတွေကို အမြန်ဆုံးရရှိအောင်  နိုင်ငံ့ဝန်ထမ်းများကို လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာနဲ့ ပိုမိုပါဝင်ပေးကြဖို့ မြေပြင်နဲ့ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ တောင်းဆိုထားတာလည်း တွေ့ရပါတယ်။ လတ်တလော လူထုလှုပ်ရှားမှုတွေမှာပါဝင်ရင်း လူငယ်တွေကြွေလွင့်နေရတာနဲ့ ပတ်သက်ပြီး နောက်ထပ်သွေးမြေမကျရအောင် ခါရာက သူ့ရဲ့ လူမှုကွန်ယက်မှာပြည်သူတွေကို ပြောပြလာခဲ့ပါတယ်။ " ကျွန်တော်တို့ပြည်သူတွေ သွေးမြေကျတာတွေများနေပြီ ထပ်ပြီးတော့ မဆုံးရှုံးသင့်တော့ဘူး ......

Photo Credit - Khar Ra fb page
Photo Credit - Khar Ra fb page
Photo Credit - Khar Ra fb page
Photo Credit - Khar Ra fb page

ပန်းတိုင်ကနီးနေပြီဗျ အရေးယူဖို့လည်း အဖွဲ့စည်းတွေက လုပ်နေကြပြီ CRPH ကိုအသိမှတ်ပြုဖို့လည်း သက်ဆိုင်ရာတွေက လှုပ်ရှားနေကြပြီ တော်တော်လည်းခရီးရောက်နေပြီ ဒီအချိန်မှာ ကျွန်တော်တို့ ပြည်သူတွေပိုပြီး သည်းခံရမယ်ထင်တယ်ဗျ အချိန်တစ်ခုတော့ သည်းခံပြီး စောင့်ရမယ်ထင်တယ် ထိပ်တိုက် (လုံးဝ) မတွေ့သင့်တော့ဘူး ....သူတို့လာတာနဲ့ အခြေနေကြည့်ပြီး ရှောင်နေတာ ပိုကောင်းမယ်ထင်ပါတယ်.... သူတို့တွေ မလာသေးရင်ဆက်ပြီး ဆန္ဒထုတ်ဖော်ကြမယ်.... international attention ကလည်း အရေးကြီးတယ်ဆိုပေမဲ့ ကျွန်တော်တို့ပြည်သူတွေရဲ့ တန်ဖိုးရှိတဲ့ အသက်သွေးတွေက ပိုရေးကြီးတယ်ဗျ အရေးတော်ပုံ မုချအောင်ရမည် " ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ကဲ..ခါရာရဲ့ ရေးသားဖော်ပြလာတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ အမြင်လေးကိုလည်း ပြောပြပေးပါဦး။

သတင်း အရင်းအမြစ်Source - Khar Ra fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T