သူနဲ့သားလေးရဲ့ငယ်စဉ်ကလေးဘဝတုန်းက ထူးဆန်းစွာတိုက်ဆိုင်လွန်းတဲ့ ဖြစ်ရပ်လေးကိုပြောပြလာတဲ့ ရန်ရန်ချန်း

//s9.kh1.co/c4/c41ad9b38e8491d8ca5ad21763b35ec93ac32f5d.jpeg
အနုပညာရှင်များ

 ၀၅-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

....

ခုဆိုရင်မြန်မာနိုင်ငံရဲ့လုထုလှုပ်ရှားမှုကြီးဟာ အရှိန်အဟုန်ကောင်းလာတာတာနဲ့အမျှ ပြည်သူတွေရဲ့ အသက်အဆုံးအရှုံးမှုတွေလည်း များစွာထွက်ပေါ်လျက်ရှိပါတယ်။အသက်ပေးသွားကြတဲ့ လူငယ်အများစုကိုလည်း အားလုံးကနှမျောတသဖြစ်ကာဝမ်းနည်းကြေကွဲကြသလို သူတို့ကွယ်လွန်ခဲ့တဲ့ နေရာလေးတွေမှာ ပန်းလေးတွေချရင်း ဝမ်းနည်းကြောင့်ထုတ်ဖော်ပြခဲ့ကြတာလည်းဖြစ်ပါတယ်။ ဒီပုံရိပ်လေးတွေကပဲ တစ်ကမ္ဘာလုံးကလူသားတွေရဲ့ရင်ကိုရိုက်ခတ်ခဲ့တာအမှန်ပါပဲ ။

Photo Credit : Yan Yan Chann Facebook Page 
Photo Credit : Yan Yan Chann Facebook Page 
Photo Credit : Yan Yan Chann Facebook Page 
Photo Credit : Yan Yan Chann Facebook Page 

ဒီလိုအဆုံးအရှုံးတွေကြားကနေပဲ ပြည်သူအားလုံးကနောက်မဆုတ်ဘဲ ရှေ့ဆက်တိုးကာ ရဲရဲဝင့်ဝင့်လှုပ်ရှားမှုတွေမှာပါဝင်နေကြတာလည်းဖြစ်ပါတယ်။ လှုပ်ရှားမှုပြုလုပ်နေတဲ့ သူရဲကောင်းတွေကိုလည်း နီးစပ်ရာပြည်သူတွေက တတ်နိုင်သလောက် အကူအညီထောက်ပံ့မှုတွေများစွာပေးကာ စည်းလုံးညီညွတ်ခဲ့ကြတာကလည်း တကယ်ကို ကြည်သီးထစရာပါပဲ ။

Photo Credit : Yan Yan Chann Facebook Page 
Photo Credit : Yan Yan Chann Facebook Page 
Photo Credit : Yan Yan Chann Facebook Page 
Photo Credit : Yan Yan Chann Facebook Page 

အနုပညာရှင်များစွာဟာဆိုရင်လည်း ခြိမ်းခြောက်မှုတွေရှိနေပေမယ့်လည်း မမုဘဲ ဒီလှုပ်ရှားမှုတွေမှာပြည်သူနဲ့အတူ အားတက်သရောပါဝင်ခဲ့တာလည်းဒီနေ့ဒီချိန်ထိပါပဲ။ဒီလိုအနုပညာရှင်တွေထဲမှာဆိုရင် အဆိုတော်ရန်ရန်ချန်းလည်းအပါအဝင်ပါပဲနော်။အခုလည်း ဒီလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး သူရဲ့ငယ်စဉ်ကဖြစ်စဉ်နဲ့သားလေးရဲ့ခုဖြစ်စဉ်တိုက်ဆိုင်စွာရှိနေမှုကိုခုလိုရေးသားပြောပြလာတာဖြစ်ပါတယ်။" ဘဝကသိပ်ထူးဆန်းတယ်......ကျွန်တော်၄တန်းကျောင်းသားအရွယ်မှာ ၈၈၈၈ အရေးအခင်းဖြစ်တယ်.......ခုကျွန်တော့်သားလာမဲ့နှစ်၄တန်းတက်ရမဲ့အရွယ် မှာ ၂၂၂၂၂ အရေးအခင်းလာဖြစ်တယ်.......အဲ့ဒီတုန်းကလည်းခုလိုပဲဗိုလ်အောင်ကျော်လမ်းကြီးပိတ်ထားတယ်။နောက်ထပ်ကျွန်တော်တို့ဖြတ်သန်းခဲ့ရသလိုတွေတော့လာမတူစေချင်တော့ဘူး......."ဆိုတဲ့အကြောင်းလေးပဲဖြစ်ရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit : Yan Yan Chann Facebook Page 
Photo Credit : Yan Yan Chann Facebook Page 
Photo Credit : Yan Yan Chann Facebook Page 
Photo Credit : Yan Yan Chann Facebook Page 

Source & Photo Credit : Yan Yan Chann Facebook Page 

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T