Gen Zတွေနဲ့အတူ ရဲရင့်စွာအရှေ့ထွက်ပြီး လူထုလှုပ်ရှားမှုမှာ အားသွန်ခွန်စိုက်ပါဝင်နေတဲ့ ကံပေါက်ဒေသကဘွားဘွားကို လေးစားနေတဲ့အလင်းရောင်

//s9.kh1.co/ab/abf04feef8120b5a9d6a64a8287471693b1dbc21.jpg
အနုပညာရှင်များ

 ၀၅-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

Gen Zတွေနဲ့အတူ ရဲရင့်စွာအရှေ့ထွက်ပြီး လူထုလှုပ်ရှားမှုမှာ အားသွန်ခွန်စိုက်ပါဝင်နေတဲ့ ကံပေါက်ဒေသကဘွားဘွားကို လေးစားနေတဲ့အလင်းရောင်

မင်းသားအလင်းရောင်ကတော့ ဖေဖော်ဝါရီလကတည်းက လူထုလှုပ်ရှားမှုတွေမှာ စိတ်ရောကိုယ်ပါနှစ်ပြီး ပါဝင်လာခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ် ။ နေပူကြီးထဲမှာတောင် အပင်ပန်းခံပြီးကြိုးစားပမ်းစားလှုပ်ရှားခဲ့တဲ့ အလင်းရောင်က အန္တရာယ်ရှိနေတဲ့ကြားကနေ ပြည်သူတွေဘက်ကပဲ အခိုင်အမာရပ်တည်ပေးခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် အလင်းရောင်က ပြည်သူ့ဝန်ထမ်းတွေအတွက် အလှူငွေတွေထောက်ပံ့ပေးခဲ့သလို ကျဆုံးသွားတဲ့သူရဲကောင်းတွေအတွက်လည်း တတ်နိုင်သလောက် ပါဝင်လှူဒါန်းပေးနေတာ ဖြစ်ပါတယ် ။

Photo Credit -ALINNYAUNG's FB Page
Photo Credit -ALINNYAUNG's FB Page
Photo Credit -ALINNYAUNG's FB Page
Photo Credit -ALINNYAUNG's FB Page
Photo Credit -ALINNYAUNG's FB Page
Photo Credit -ALINNYAUNG's FB Page

အခုလည်း အလင်းရောင်က လူထုလှုပ်ရှားမှုမှာ ထူးထူးခြားခြားပါဝင်လာတဲ့ အဘွားတစ်ယောက်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပုံအချို့ကို တင်ပေးထားတာ ဖြစ်ပါတယ် ။ အလင်းရောင်က "Gen Z တွေနဲ့အတူ ကံပေါက်ဒေသ သူရဲကောင်းဘွားဘွားများ ကျန်းမာပါစေ❤️ လှိုက်လှိုက်လှဲလှဲလေးစားဂုဏ်ယူပါတယ်???" ဆိုပြီး ရေးသားမျှဝေထားတာ ဖြစ်ပါတယ် ။ ပုံထဲမှာပါဝင်တဲ့ ဘွားဘွားကတော့ မြန်မာနိုင်ငံအနှံ့မှာ လူထုလှုပ်ရှားမှုတွေ စတင်ပြုလုပ်ခဲ့စဥ်ကတည်းက ရှေ့ဆုံးကနေ ဦးဆောင်ပါဝင်ခဲ့တဲ့ ကံပေါက်ဒေသသူတစ်ဦး ဖြစ်ပါတယ် ။

Photo Credit -ALINNYAUNG's FB Page
Photo Credit -ALINNYAUNG's FB Page
Photo Credit -ALINNYAUNG's FB Page & Original Uploader
Photo Credit -ALINNYAUNG's FB Page & Original Uploader

ကံပေါက်ဒေသက ဘွားဘွားရဲ့ပုံရိပ်တွေကလည်း လတ်တလောလူမှုကွန်ယက် အသုံးပြုသူတွေကြားမှာ အရမ်းကိုရေပန်းစားနေတာ ဖြစ်ပါတယ် ။ ကိုယ့်နိုင်ငံအတွက် အသက်ကိုပင်ပဓာနမထားဘဲ မျိုးဆက်သစ် လူငယ်တွေနဲ့အတူ လမ်းပေါ်ကိုရဲရဲရင့်ရင့်ထွက်လာခဲ့တဲ့ ဘွားဘွားတွေရဲ့စိတ်ဓာတ်ကို လူထုကချီးကျူးနေရတာလည်း ဖြစ်ပါတယ် ။ ဒါကြောင့် မင်းသားအလင်းရောင်ကလည်း ဘွားဘွားတွေကို လေးစားမိကြောင်း ပုံတွေတင်ပြီး ပြောပြလာတာပဲ ဖြစ်ပါတယ် ။ ချစ်ပရိသတ်တွေအတွက် ကံပေါက်ဒေသက ဘွားဘွားတွေရဲ့လူထုလှုပ်ရှားမှုပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source & Photo Credit -ALINNYAUNG's FB Page & Original Uploader

Photo Credit -ALINNYAUNG's FB Page & Original Uploader
Photo Credit -ALINNYAUNG's FB Page & Original Uploader
Photo Credit -ALINNYAUNG's FB Page & Original Uploader
Photo Credit -ALINNYAUNG's FB Page & Original Uploader
Photo Credit -ALINNYAUNG's FB Page & Original Uploader
Photo Credit -ALINNYAUNG's FB Page & Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T