အပြုံးချိုချိုလေးနဲ့ အချဥ်ပေါင်းတွေရက်ရက်ရောရောလိုက်ဝေတတ်တဲ့ အန်တီကြီးကို မြင်ရပါများလို့သဘောကျမိကြောင်း ဖွင့်ဟလာတဲ့ ပိုးအိအိခန့်

//s9.kh1.co/e6/e6b1a4f6234bc2aed3e70cb748f825f7b48e1494.jpg
အနုပညာရှင်များ

 ၀၅-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

အပြုံးချိုချိုလေးနဲ့ အချဥ်ပေါင်းတွေရက်ရက်ရောရောလိုက်ဝေတတ်တဲ့ အန်တီကြီးကို မြင်ရပါများလို့သဘောကျမိကြောင်း ဖွင့်ဟလာတဲ့ ပိုးအိအိခန့်

နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ ပြည်သူတွေကို ရက်ရက်ရောရောနဲ့ အချဥ်ပေါင်းတွေအလကားလိုက်ကျွေးတတ်တဲ့ အချဥ်ပေါင်းသည်အန်တီကြီးကတော့ လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ ရေပန်းစားလျက်ရှိနေခဲ့ပါတယ်။ အဆိုပါအချဥ်ပေါင်းသည်အန်တီကြီးကတော့ စေတနာပါပါနဲ့ အချဥ်ပေါင်းတွေကို လိုက်ကျွေးတတ်ရုံသာမက စားသုံးနေသူတွေကိုပါ ဟန်ဆောင်မှုမရှိတဲ့ အပြုံးချိုချိုနဲ့ ပြုံးရယ်ပြတတ်သူတစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit: Poe Ei Ei Khant ' s Facebook Acc
Photo Credit: Poe Ei Ei Khant ' s Facebook Acc
Photo Credit: Poe Ei Ei Khant ' s Facebook Acc
Photo Credit: Poe Ei Ei Khant ' s Facebook Acc

ပြည်သူတွေအပေါ်ထားတဲ့ အချဥ်ပေါင်းသည်အန်တီကြီးရဲ့ စေတနာနဲ့မေတ္တာတရားတွေဟာ ရောင်ပြန်ဟက်ခဲ့ပြီး ပြည်သူတစ်ဦးကအဆိုပါအန်တီကြီးကို အိမ်နဲ့ခြံအလကားပေးခဲ့ပါတယ်။ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုနဲ့ပြည့်စုံတဲ့ အချဥ်ပေါင်းသည်အန်တီကြီးရဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး မင်းသမီးပိုးအိအိခန့်ကလည်း ချစ်ခင်နေခဲ့ပါတယ်။ ပိုးအိအိခန့်ကတော့ အပြုံးချိုချိုလေးတွေနဲ့ အချဥ်ပေါင်းတွေရက်ရက်ရောရောလိုက်ဝေတတ်တဲ့ အန်တီကြီးကို မြင်ရပါများလို့သဘောကျချစ်ခင်မိကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

Photo Credit: Poe Ei Ei Khant ' s Facebook Acc
Photo Credit: Poe Ei Ei Khant ' s Facebook Acc
Photo Credit: Poe Ei Ei Khant ' s Facebook Acc
Photo Credit: Poe Ei Ei Khant ' s Facebook Acc

မင်းသမီးပိုးအိအိခန့်ကတော့ " မြင်ပါများပြီး အဲ့ဗန်းကြီးကိုစားချင်လာသလို မြင်လိုက်တိုင်းလည်း အဲ့ဒီအပြုံးကြီးနဲ့ ကျက်သရေရှိလွန်းလို့ ချစ်လာပြီ အန်တီရေ " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ယနေ့မှာလူထုလှုပ်ရှားမှုတွေကိုယ်စီပြုလုပ်နေကြတဲ့ မြန်မာပြည်သူပြည်သားတွေအားလုံး ဘေးဒုက္ခတွေများစွာမှ ကင်းဝေးပြီး စိတ်ချမ်းသာရတဲ့နေ့ရက်တွေဖြစ်ပါစေကြောင်းဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။

Source : Poe Ei Ei Khant ' s Facebook Acc

Photo Credit: Poe Ei Ei Khant ' s Facebook Acc
Photo Credit: Poe Ei Ei Khant ' s Facebook Acc
Photo Credit: Poe Ei Ei Khant ' s Facebook Acc
Photo Credit: Poe Ei Ei Khant ' s Facebook Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T