လှူဖို့တောင်အခက်အခဲရှိပြီး စိတ်ပူနေရတဲ့ခံစားချက်ကြီးနဲ့ နေ့တိုင်းဖြတ်သန်းနေရတယ်လို့ ကြေကွဲစွာရင်ဖွင့်လာတဲ့သဇင်ထူးမြင့်

//s9.kh1.co/1a/1a0f78acdf5d1f924961166d65085d25a51c91cd.jpg
အနုပညာရှင်များ

 ၀၅-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အကယ်ဒမီရွှေကြိုကနေ ပရိသတ်တွေရဲ့အသိအမှတ်ပြုအားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးချောသဇင်ထူးမြင့်ကိုတော့ ပရိသတ်တွေနဲ့အထူးတလည်မိတ်ဆက်ပေးစရာ မလိုတော့ပါဘူးနော်..။

သဲလို့အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သူမကတော့ လက်ရှိအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူရပ်တည်နေပြီး လူထုလှုပ်ရှားမှုတွေကိုယ်တိုင်ပြုလုပ်နေသလို အလှူလေးတွေလည့း ဆက်တိုက်ပြုလုပ်နေတာ တွေ့ရပါတယ်..။

Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc

မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ လှုပ်ရှားမှုတွေနဲ့အလုပ်လေးတွေပြုလုပ်နေတဲ့အပြင် ချစ်ရတဲ့သူမရဲ့ Fan တွေနဲ့လည်း ပြည်သူတွေအတွက် လိုအပ်တာလေးတွေကို အားဖြည့်ကူညီကာ လှူဒါန်းနေတာကိုလည်း အားလုံးမြင်တွေ့ရမှာပါနော်..။

သဲကတော့ လမ်းပေါ်ထွက်ပြည်သူ့သူရဲကောင်းတွေအတွက် နေ့တိုင်းလိုလိုအစားအသောက်တွေလည်း ပေးဝေလှူဒါန်းခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံးမှာ ရိက္ခာလှူဒါန်းဖို့အတွက်လည်း အလှူငွေတွေ ထည့်ဝင်ပါဝင်လှူဒါန်းခဲ့ပါသေးတယ်..။

Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc

"ဒီနေ့ သဲနဲ့Hearties တွေပေါင်းပြီး

စမူဆာနဲ့ကော်ပြန့် အခုရေ ၁၅၀၀ လှူဒါန်းခဲ့ပါတယ်

ပြီးတော့မြောက်ဥက္ကလာပဆေးရုံမှာ ရိက္ခာသွားလှူမယ့်

အမတွေဆီကိုလည်း အလှူငွေ၁သိန်း

လှူဒါန်းခဲ့ပါတယ်ရှင်?

မုန့်များကိုအရသာသာရှိရှိ သန့်ရှင်းလတ်ဆတ်စွာလုပ်ပေးတဲ့ မမPwint Nadi Maungကို

ကျေးဇူးတင်ပါတယ်ရှင်?...

နေ့ခင်းလောက်က ထိုင်သပိတ်တော်တော်များများ

နှောက်ယှက်ခံရတဲ့တွက် လှူဖို့တောင်

တော်တော် အခက်ခဲဖြစ်ခဲ့ရပါတယ်?

သွားလှူတဲ့နေရာတိုင်းမှာ လူစုခွဲခံနေရတော့

စိတ်မကောင်းဖြစ်ပြီး စိတ်ပူနေရတဲ့ ခံစားချက်ကြီးနဲ့ နေ့တိုင်းဖြတ်သန်းနေရတယ်?.." ဆိုပြီး သူမရဲ့အလှူလေးကို ဝေမျှရင်း ပြောပြထားတာပါ..။

Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc

သတင်း အရင်းအမြစ်Thazin Htoo Myint's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T