လူထုလှုပ်ရှားမှုအတွင်းမှာတတ်နိုင်တဲ့ဘက်၊ တတ်နိုင်တဲ့နေရာကနေအမြဲအားဖြည့်ကူညီခွင့်ရတဲ့အတွက် ကျေနပ်မိတယ်ဆိုတဲ့ ညီညီမောင်

//s9.kh1.co/ec/ecf8639cc43d32cc56f830b3be02056ce0fef921.jpg
အနုပညာရှင်များ

 ၀၅-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမြန်မာနိုင်ငံအတွင်းမှာ ဖေဖော်ဝါရီ (၁)ရက်နေ့တည်းကစတင်ပြီးဖြစ်ပွားခဲ့တဲ့အခြေအနေအရပ်ရပ်ကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေပါ၀င်ကာ ငြိမ်းချမ်းစွာနဲ့ လှုပ်ရှားမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုကြီးဟာ အရှိန်အဟုန်ကောင်းနေဆဲဖြစ်ပြီး အခုဆိုရင် ရက်ပေါင်း ၃၀ကျော်ခန့်ကြာမြင့်နေပြီဖြစ်ပြီး အနုပညာရှင်တွေများစွာကလည်း တတ်နိုင်တဲ့ဘက်ကနေ ပါ၀င်နေကြတာတွေ့ရပါတယ်။

Photo credit-​ Nyi Nyi Maung's Facebook page
Photo credit-​ Nyi Nyi Maung's Facebook page
Photo credit-​ Nyi Nyi Maung's Facebook page
Photo credit-​ Nyi Nyi Maung's Facebook page

လူထုလှုပ်ရှားမှုတွေစတင်ခဲ့တဲ့ရက်အတွင်းမှစကာ တက်ကြွစွာနဲ့ပါ၀င်လှုပ်ရှားနေတဲ့ makeup artistတွေထဲမှာဆိုရင်လည်း ညီညီမောင်တစ်ယောက်လည်း အပါအ၀င်ဖြစ်ပါတယ်။ ညီညီမောင်က တတ်နိုင်တဲ့ဘက်ကနေလူထုလှုပ်ရှားမှုတွေမှာပါ၀င်နေတာဖြစ်ပြီး လှုပ်ရှားမှုပြုလုပ်နေတဲ့သူများအတွက်လည်း အစားအသောက်တွေတတ်နိုင်သရွေ့ လှူဒါန်းအားဖြည့်ပေးနေတာကိုတွေ့ရပါတယ်နော်.....။

Photo credit-​ Nyi Nyi Maung's Facebook page
Photo credit-​ Nyi Nyi Maung's Facebook page
Photo credit-​ Nyi Nyi Maung's Facebook page
Photo credit-​ Nyi Nyi Maung's Facebook page

အခုဆိုရင်လည်း ညီညီမောင်က သူ့ရဲ့Facebookစာမျက်နှာမှာ "ကိုယ်တွေက သူများတွေလို သန်မာတာလဲမဟုတ် အဲ့တော့တက်နိုင်တဲ့ ဘက်က တက်နိုင်တဲ့နေရာကနေ တက်နိုင်တာလေးလုပ်ပေးနေရရင်ကျေနပ်ပါတယ် ☺️ကိုယ်ကြောင့် သူများအနှောက်ယှက်ဖြစ်မှာလဲဆိုးတယ် အရေးအကြောင်းဆို ကိုယ်စွဲပြေးကျရမှာတစ်လုပ် ဖြစ်နေမှာစိုးလို့ပါ ...." ဆိုပြီး ရေးသားကာ လှုပ်ရှားမှုပြုလုပ်နေတဲ့သူတွေအတွက် အစားအသောက်တွေလှူဒါန်းပေးနေတဲ့ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-​ Nyi Nyi Maung's Facebook page
Photo credit-​ Nyi Nyi Maung's Facebook page
Photo credit-​&nbsp;Nyi Nyi Maung's Facebook page<br>
Photo credit-​ Nyi Nyi Maung's Facebook page

သတင်း အရင်းအမြစ်Nyi Nyi Maung's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T