အကာအကွယ်အတားအဆီးတွေ ပြုလုပ်ထားပေမယ့် အင်အားအလုံးအရင်းနဲ့ စတင်ဖြိုခွင်းခြင်းခံရတဲ့ စမ်းချောင်းမြို့နယ်ရဲ့နေ့လည်ခင်းအခြေအနေ

//s9.kh1.co/31/313e1583cc6b93e6a09282fbd7472c53db4bd2fb.jpg
အနုပညာရှင်များ

 ၀၅-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

အကာအကွယ်အတားအဆီးတွေ ပြုလုပ်ထားပေမယ့် အင်အားအလုံးအရင်းနဲ့ စတင်ဖြိုခွင်းခြင်းခံရတဲ့ စမ်းချောင်းမြို့နယ်ရဲ့နေ့လည်ခင်းအခြေအနေ

ယခုလက်ရှိ မြန်မာနိုင်ငံအနှံ့အပြားမှာတော့ ပြည်သူတွေ တော်တော်များများက လူထုလှုပ်ရှားမှုတွေကို အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ် ။ ဖေဖော်ဝါရီလ (၁) ရက်နေ့ကတည်းက အပြောင်းအလဲတွေစတင်ဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့အခြေအနေကို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း စောင့်ကြည့်နေကြတာ ဖြစ်ပါတယ် ။ မျိုးဆက်သစ်လူငယ်လေးတွေကလည်း သူတို့ရဲ့အနာဂတ်အတွက် ဇွဲမလျှော့ဘဲ နည်းလမ်းမျိုးစုံနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ် ။

Photo by Myanmarload TV 
Photo by Myanmarload TV 
Photo by Myanmarload TV 
Photo by Myanmarload TV 
Photo by Myanmarload TV 
Photo by Myanmarload TV 

တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပြုလုပ်ကြတဲ့ လူထုဆန္ဒထုတ်ဖော်ပွဲတွေမှာဆိုရင် ကျဆုံးသွားတဲ့ ပြည်သူတွေစာရင်းကလည်း အယောက် (၅၀)ဝန်းကျင်ခန့်ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။ လိုချင်တဲ့ပန်းတိုင်ကို မရောက်မချင်း ရှေ့ဆက်နေကြတဲ့သူတွေထဲမှာပါဝင်တဲ့ စမ်းချောင်းမြို့နယ်က လူငယ်တွေကလည်း ဒီနေ့မှာဆိုရင် နည်းလမ်းမျိုးစုံနဲ့ အကာအကွယ်တွေ ပြုလုပ်ထားကြတာ ဖြစ်ပါတယ် ။ စည်းလုံးညီညွတ်လှတဲ့ စမ်းချောင်းမြို့နယ်က လူငယ်အဖွဲ့ကတော့ ပြည်သူအချင်းချင်းကို ကာကွယ်စောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ် ။

Photo by Myanmarload TV 
Photo by Myanmarload TV 
Photo by Myanmarload TV 
Photo by Myanmarload TV 
Photo by Myanmarload TV 
Photo by Myanmarload TV 
Photo by Myanmarload TV 
Photo by Myanmarload TV 

ယနေ့နေ့လည့် (၁၂)နာရီကျော်ဝန်းကျင်ခန့်မှာတော့ စမ်းချောင်းမြို့နယ်က ပြည်သူတွေပြုလုပ်ထားတဲ့ အကာအကွယ်အတားအဆီးတွေကို ဘူဒိုဇာကားနဲ့ ဖြိုဖျက်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ် ။ ဒါ့အပြင် အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး မျက်ရည်ယိုဗုံး၊အသံဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကို စတင်ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ် ။ ပြည်သူတွေဘက်ကလည်း မျက်ရည်ယိုဗုံးဖြိုခွင်းမှုတွေကို ရေအိတ်တွေ၊ အဝတ်ရေစိုတွေ၊ ရေဘောလုံးတွေနဲ့အငွေ့ပျောက်အောင် ပြန်လည်ပြုလုပ်ပြီး အကာအကွယ်ယူကာ ရှောင်တိမ်းမှုတွေပြုလုပ်ခဲ့ရတာပဲ ဖြစ်ပါတယ် ။ စမ်းချောင်းမြို့နယ်ကအခြေအနေတွေကို သွားရောက်ရိုက်ကူးခဲ့တဲ့ ပုံရိပ်တွေကို ပရိသတ်တွေအတွက်ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source -Myanmarload TV

Photo by Myanmarload TV 
Photo by Myanmarload TV 
Photo by Myanmarload TV 
Photo by Myanmarload TV 
Photo by Myanmarload TV 
Photo by Myanmarload TV 
Photo by Myanmarload TV 
Photo by Myanmarload TV 
Photo by Myanmarload TV 
Photo by Myanmarload TV 
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T