ခုခံစရာလက်နက်မရှိပေမယ့် တစ်ချို့ပြည်သူတွေ အသက်ပေးခဲ့ပြီဖြစ်လို့ သွေးဘယ်လောက်ရဲကြောင်း သက်သေပြစရာမလိုတော့ဘူးဆိုတဲ့ ပိုင်တံခွန်

//s9.kh1.co/1b/1bf6b1e4bb4b442b75693edb290e2888db171925.jpg
အနုပညာရှင်များ

 ၀၅-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံမှာသာမက အာရှနိုင်ငံတွေအထိပါ အောင်မြင်မှု့တွေကို သိမ်းပိုက်ရရှိထားတဲ့ ပိုင်တံခွန်က အနုပညာလမ်းကြောင်းထက်မှာ ရပ်တည်လျှောက်လှမ်းလာခဲ့တာ အချိန်တစ်ခုကြာခဲ့ပြီပဲ ဖြစ်ပါတယ်။ ရုပ်ရည်ပိုင်းနဲ့ပတ်သတ်လို့ အပြစ်ပြောစရာမရှိသလို စိတ်ဓာတ်ကလည်း ဖြူစင်မွန်မြတ်တာဖြစ်လို့ လူကြီးလူငယ်မရွေး ပရိသတ်တွေအကုန် အားပေးချစ်ခင်ကြတာကို တွေ့ရပါတယ်။ ဒါ့အပြင် ပိုင်တံခွန်က အမှန်တရားဘက်မှာ ရပ်တည်လေ့ရှိသူဖြစ်လို့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်နေခဲ့တာပဲ ဖြစ်ပါတယ်။ 

Photo Credit - Paing Takhon's FB page
Photo Credit - Paing Takhon's FB page

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေကစလို့ ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်နေခဲ့တဲ့ ပိုင်တံခွန်က သူကိုယ်တိုင် လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုကြီးမှာ ပါဝင်ခဲ့တာပါ။ သူရဲ့ ဖေ့ဘွတ်စာမျက်နှာထက်မှာလည်း တက်ကြွတဲ့ စာသားတွေနဲ့ ပြည်သူတွေကို လှုံ့ဆော်ပေးခဲ့တာကိုလည်း တွေ့ရပါတယ်။ တော်လှန်ရေးမှာ ရှေ့ကနေ ဦးဆောင်ကာ ရပ်တည်ဝန်းရံခဲ့တဲ့ ပိုင်တံခွန်က အခုအချိန်မှာတော့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Credit - Paing Takhon's FB page
Photo Credit - Paing Takhon's FB page

ဒါပေမယ့် ပိုင်တံခွန်တစ်ယောက် သူရဲ့ ဖေ့ဘွတ်စာမျက်နှာထက်မှာ စာသားအချို့နဲ့ လုံခြုံတဲ့ နေရာမှာရှိနေကြောင်း ပရိသတ်တွေထံ အသိပေးပြောကြားလေ့ရှိတာပါ။ မကြာသေးတဲ့ နာရီပိုင်းအချိန်ကလည်း ပိုင်တံခွန်က " လက်နက်မဲ့ပြီး ရင်ကိုကော့ပေးခဲ့ကတည်းက ငါတို့သွေး ဘယ်လာက်ရဲလဲ ပြစရာမလိုတော့ပါဘူး ငါတို့ အတွေးဘယ်လောက်ကောင်းလဲ ပဲ ပြရမယ် ကျွန်တော်ရဲ့ပြည်သူတွေကို ထပ်အဆုံးရှုံးမခံနိုင်ဘူး " ဆိုပြီး ရင်တွင်းခံစားချက်တစ်ချို့ကို ရေးသားမျှဝေလာတာဖြစ်လို့ ပရိသတ်တွေထံ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

Photo Credit - Paing Takhon's FB page
Photo Credit - Paing Takhon's FB page
Photo Credit - Paing Takhon's FB page
Photo Credit - Paing Takhon's FB page
Photo Credit - Paing Takhon's FB page
Photo Credit - Paing Takhon's FB page

သတင်း အရင်းအမြစ်Source - Paing Takhon's FB page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T