စမ်းချောင်းမြို့နယ်တွင် ဖြိုခွင်းမှုပြီးချိန် အကာအကွယ်များ ပြန်လည်ပြုလုပ်

//s9.kh1.co/2a/2ae98b0c53ccf86b40a1f8825542b5bf92e40997.jpg
နေ့စဉ်သတင်းများ

 ၀၅-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

စမ်းချောင်းမြို့နယ်‌တွင် မွန်းလွဲပိုင်းလောက်တုန်းက ငြိမ်းချမ်စွာ ဆန္ဒပြနေတဲ့ပြည်သူတွေရဲ့ အကာအကွယ်များကို ဘူဒိုဇာကားဖြင့် ဖြိုဖျက်ကာ အင်အားအလုံးအရင်းနဲ့ ဆန္ဒပြ ပြည်သူတွေကို ဖြိုခွင်းခဲ့ပါတယ်။ သို့သော်လဲပြည်သူတွေဟာ ဖြိုခွင်လိုက်တိုင်း ပြိုကွဲသွားတက်ကြမှာမဟုတ်ပါဘူး။ ဒါကြောင့် စမ်းချောင်းမြို့နယ်ရဲ့ လမ်းထဲတွေမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေဟာ အင်အားအလုံးအရင်းဖြင့် ဖြိုခွင်းမှုတွေပြုလုပ်ပြီးနောက် ပျက်စီးသွားသည့် အကာအကွယ်များကို ပြန်လည်ပြင်ဆင်ပြုလုပ်လာတာကို တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/69/6949d84effee3773b4e4497c76edf1bff38042cf.jpg
https://s9.kh1.co/__image/w=650,h=488,q=100/f4/f474fc40c7aeba8b64ebfa48f04016509e7ebe85.jpg

ရှေ့တန်းဒိုင်းကာသမားတွေကလည်း အကာအကွယ်တွေပြန်ယူကာ ရှေ့တန်းကိုပြန်လည်ထွက်လာကြပြီး၊ အကာအကွယ်အတွက် သဲအိတ်များကို ပြန်လည်ပြင်ဆင်ထုတ်ပိုးပြီး တစ်ဦးနှင့်တစ်ဦး ကာကွယ်ပေးနေရတဲ့အခြေအနေဖြစ်ပါတယ်။ ဖြိုခွင်းမှုတွေရှိနေပေမယ့်လည်း ပြည်သူအချင်းချင်းထိခိုက်သူများကို ဆေးဝါးကုသပေးတာတွေ၊ အားတင်းစကားပြောကြားပေးတာတွေရှိပြီး၊ ခွန်အားဖြည့်သီချင်းများကို သံပြိုင်သီဆိုရင်း စိတ်ဓာတ်ခွန်အားပြန်မြှင့်နေကြရတာဖြစ်ပါတယ်။ ခုလိုမ‌ျိုး ပြည်သူတွေရဲ့ အပြုအမှုတွေဟာ တကယ်ကို လေးစားဖို့ကောင်းပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/ca/ca5b1e4c0fa30a4ac4be4fccc091e59f0021cf9b.jpg
https://s9.kh1.co/__image/w=650,h=867,q=100/f6/f6516b6e16b4db4141a9178e019cb822aed23006.jpg
https://s9.kh1.co/__image/w=650,h=488,q=100/e6/e6ca135000c3ac18dacbe880f58dcb66e8c7b883.jpg

ကျဆုံးသွားသူတွေအတွက်လဲ ပြည်သူတွေဟာ သူတို့ငြိမ်းချမ်းစွာ အနားယူနိုင်အောင် ခုချိန်ထိ မလျော့သောဇွဲနဲ့ မြို့နယ် နေရာအသီးသီးမှာ ခုခံနေကြပါတယ်။ ဒါကြောင့်ပဲခုလိုအခြေအနေတွေကနေ တစ်နေ့ ငြိမ်းချမ်းမှုကို ရရှိကြတော့မှာပါ။ စမ်း‌ချောင်းက ပြည်သူတွေ အကာအကွယ် အတားအဆီးတွေကို ပြန်လည်ပြုလုပ်နေတဲ့ပုံကို ဖော်ပြလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/17/17209e82d4713aa5c0d57633c8d7f6c312b92d2f.jpg
https://s9.kh1.co/__image/w=650,h=488,q=100/fa/fa934fd5ba1a42f7ba4f97b54132670c5c57d9a2.jpg
https://s9.kh1.co/__image/w=650,h=488,q=100/88/883762ceaa3abf2fad015fa66941bfadda77fbf1.jpg
https://s9.kh1.co/__image/w=650,h=488,q=100/29/29832fefa8246932f7c0da01f1d66ff77d26fee6.jpg
https://s9.kh1.co/__image/w=650,h=488,q=100/d8/d8422f79720359ec63e7dfd7894fd42f5ff8faee.jpg
https://s9.kh1.co/__image/w=650,h=488,q=100/28/28901a575853af3c8344e53495d34c582670caa0.jpg
Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T